Unicode
"မီ အိပ်ပျော်နေလား..."
မေးရင်းနှင့်အိပ်ရာနားကပ်လာသည့် ခင်ပွန်းအသံကြောင့် စောင်အောက် ထဲရှိ အလှကြွေပန်းအိုးကို မီ ကျစ်ကျစ်ပါအောင် ဆုတ်ကိုထားလိုက်မိသည်။
အခွင့်အရေးက တစ်ခါပဲရှိမယ်...။ သူ့ကို ရိုက်ပြီးတာနဲ့ အောက်ကိုဆင်း ပြေးရမယ်...။
"မီ..."
ခင်ပွန်းဖြစ်သူက အိပ်ခန်းမီးမဖွင့်ဘဲ ဝင်လာသည်ကို မီ ကျေးဇူးတင်သွား ၏။ အလင်းရောင်ခပ်သဲ့သဲ့ပဲ ရှိသည်မို့ မီဖွက်ထားသော အရာကို ခင်ပွန်းက သတိ ထားမိမည် မဟုတ်ပါပေ။ မီ မျက်လုံးများကို မှိတ်ထား၍ ဟန်မပျက်ဖြင့် အိပ်ချင် ယောင်ပဲ ဆောင်နေလိုက်သည်။
"မီ... မိန်းမ..."
မီ အနားထိုင်လိုက်ပြီး နဖူးစပ်ရှိဆံပင်များကို သပ်လိုက်သည့် ခင်ပွန်း၏ လက်ကို ပုတ်ထုတ်ပစ်လိုက်ချင်သော်လည်း မီ စိတ်ကို ထိန်းထား၏။
စိတ်ထိန်း... စိတ်ထိန်း... တစ်ခါပဲ အခွင့်အရေးရှိမှာ...။
မီ အခုမှနိုးလာသလိုလိုနှင့် လူးလွန့်လိုက်၏။
"မီ နိုးသွားလား... ခဏနော် ကိုယ် မီးဖွင့်လိုက်ဦးမယ်..."
မီးဖွင့်ဖို့အတွက် အနောက်သို့လှည့်သွားသည့် ခင်ပွန်းကို မီ အားနှင့်ရိုက်ချ ပစ်လိုက်သည်။
"အ! မီ! မင်း ဘာလုပ်..."
အနောက်ကိုကိုင်ရင်း မီကို မေးသည့်ခင်ပွန်းကို ပြန်မဖြေဘဲ နောက်တစ် ချက် အရှေ့မှပန်းအိုးနှင့် သုံးလေးချက်ဆက်ရိုက်ပစ်လိုက်၏။
"မီ... မင်း..."
ထို့နောက် ပန်းအိုးကို လွှတ်ချကာ ခုတင်အနီးစင်လေးပေါ်တင်ထားသော ကားသော့ကို ကောက်ဆွဲပြီး မီ ကြောက်ကြောက်နှင့် အခန်းထဲမှပြေး ထွက်လိုက် သည်။ ကြားထားသည်အရဆိုလျှင် သားလေးက အောက်ထပ်တွင် ဂိမ်း ဆော့နေ လိမ့်မည်။ သမီးလေးကို အလျင်ရှာချင်သော်လည်း သမီးလေးကို တခြားတစ်နေ ရာတွင် ထားထားလျှင် သားလေးကိုပါ မီ မကယ်နိုင်မည် စိုးသဖြင့် တည်နေရာ သိ သော သားဆီကိုသွားဖို့သာ မီ ဆုံးဖြတ်လိုက်တော့သည်။
YOU ARE READING
MIRAGE (Original)
Mystery / ThrillerCan read both unicode and zawgyi. Not Boyslove.