MI

244 42 12
                                    

Unicode

မီ အမည်က မေမီဦးဖြစ်ပြီး မီတို့မိသားစုတွင် သမီးလတ်ဖြစ်သည်။ ဖခင် မှာ သမီးကြီးကိုချစ်ပြီး မိခင်ကတော့ သားငယ်ကိုသာချစ်သဖြင့် မီအတွက်သီးသန့် မေတ္တာရယ် မရှိခဲ့။ မီ ဘဝမှာ တပြေးညီတည်းဖြစ်သော မျဉ်းဖြောင့်တစ်ကြောင်း လိုဖြစ်ပြီး ညည်းငွေ့စရာကောင်းလှသည်။ မီသည် သာမန်အဆင့်ဖြင့် အထက် တန်းကျောင်းပြီးကာ သာမန်အဆင့်ဖြင့် ဘွဲ့တစ်ခုရပြီးနောက် ပုဂ္ဂလိကကျောင်း တစ်ခု၌ ဆရာမ အဖြစ် အလုပ်ဝင်ဖြစ်ခဲ့၏။ မီသည် ထက်မြက်သော်မိန်းကလေး တစ်ဦး မဟုတ်သလို ညံ့ဖျင်းသူတစ်ဦးလည်း မဟုတ်ခဲ့။

အမျိုးသားနှင့်မီ လုပ်ငန်းခွင်တွင် တွေ့ဆုံခဲ့ရ၏။ မီထက်နှစ်နှစ်ကြီးသော အမျိုးသားက မီကို အရိပ်တကြည့်ကြည့်ရှိတတ်သူဖြစ်သည်။ ကိုယ့်အတွက်ရယ် သီးသန့်မေတ္တာငတ်ခဲ့ရသော မီ အဖို့ ကြွယ်ဝချမ်းသာခြင်းထက် ခင်ပွန်းဖြစ်သူ၏ ချစ်ခြင်းက မက်လောက်စရာဖြစ်ခဲ့သည်။ ထို့ကြောင့် မီကို နှစ်သက်သူတို့အနက် ထိုအမျိုးသားကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ မီဆုံးဖြတ်ခဲ့သည်။

နှစ်ယောက်တည်းဖြစ်တုန်းက မီတို့ဘဝမှာ သာယာခဲ့သော်ငြား အသိုင်း အဝိုင်းနှစ်ခု ပေါင်းစပ်သည့်အချိန်တွင် အခက်အခဲအဖုအထစ်တို့က မီတို့အကြား ရှိ လာခဲ့သည်။ အကြီးမားဆုံးသော အခက်အခဲမှာ အမျိုးသား၏ မိခင်၊ မီ ယောက္ခမ ဖြစ်၏။ အမျိုးသား၏ မိခင်က မီကို လုံးလုံးသဘောမကျပါပေ။ မီက သူ့သားကို ကပ်တွယ်လွန်းသည်ဟု ယောက္ခမကမြင်၏။ ထိုသို့သော အခက်အခဲများအကြား တွင် မီတို့လက်ထပ်ဖြစ်ခဲ့ကြသည်။

လက်ထပ်ပြီးချိန်တွင် အမျိုးသားက သူ့အမေကို မီတို့နှင့်အတူနေဖို့ခေါ် ထား၏။ အမေတစ်ခုသားတစ်ခုမို့ မီလည်း ယောက္ခမလာနေခြင်းကို မကန့်ကွက် နိုင်ခဲ့ပါပေ။ ထိုအချိန်မှစပြီး မီ ဘဝဆိုးလာရခြင်းဖြစ်သည်။ ယခုခေတ်အခြေအနေ အရ လင်မယားနှစ်ယောက်လုံး အလုပ်မလုပ်လျှင် မဖြစ်သည်မို့ အိမ်ထောင်သည် ဖြစ်သွားသော်လည်း မီမှာ အလုပ်ဆက်လုပ်နေရသေးသည်။ ထိုသည်ကိုယောက္ခမ မှာ မနှစ်မြို့။ အိမ်ထောင်သည်ဖြစ်သွားလျှင် မိန်းကလေးက အိမ်မှုကိစ္စများကိုသာ ပြုလုပ်ရမည်ဟု ယောက္ခမက တစ်ချိန်လုံးဆိုသည်။

MIRAGE (Original)Where stories live. Discover now