လူတွေပုံမှန်ထက်ပိုပြီး အလုပ်များနေပုံရသည်။ လှုပ်လှုပ်ရှားရှား စုံရုံးစုရုံးဖြင့်...။ သည်နေ့ Lucas စျေးထွက်၀ယ် သည့်နေ့ဖြစ်၏။ အလုပ်များဟန် လှုပ်ရှားသွားလာနေကြသည့်သူများကို အကဲခတ်ရင်း ရပ်နေကျနေရာ၌ ဆိုင်ကယ်ကို ရပ်ကာ စျေးထဲ၀င်ခဲ့လိုက်သည်။
သည်နောက်ပိုင်း တစ်ပတ်တစ်ခါ စျေး၀ယ်ဖြစ်သည်။ ထိုကြောင့် ဆိုင်ကယ်လေးတစ်စီးလည်း ၀ယ်ဖြစ်ခဲ့၏။ သည်မှာက စီးတော်ယာဥ်လေးတစ်စီးက မရှိမဖြစ်လိုအပ်သည်။စပျစ်တောင်ကြားသည် တောင်ပေါ်ဒေသဖြစ်သောကြောင့် လမ်းပမ်းဆက်သွယ်ရေးသည် ချောမွေ့ခြင်းမရှိ။တောင်တတ်၍ရသော ကားများနှင့် ဆိုင်ကယ်များကိုသာ အသုံးများသည်။ ပစ္စည်းတင်နိုင်ရန် ဆိုင်ကယ်ကိုနောက်တွဲယာဥ်များတပ်ဆင်၍လည်း အသုံးပြုကြ၏။
"ဟေး လူချောလေး မလာတော့ဘူးတောင်ထင်နေတာ.,။"
"အေးဗျာ အေးလွန်းလို့ အိပ်ယာထ နောက်ကျသွားတာ.. ချန်ထားတယ်မလား။"
Lucas ဟသွားသည့် ကုတ်အင်္ကျီရှည်ကို ပြန်ဆွဲစေ့ရင်း ပြောလိုက်သည်။စပျစ်တောင်ကြား၏အအေးဓာတ်သည် Lucas လိုအအေးကြိုက် သည့်သူပင် ထုတ်ပြီးငြီးရသည်အထိ။ ၀ယ်နေကျဖြစ်၍ ဖောက်သည်ဟုပင်ပြော၍ရသည်။ တစ်ပတ် တစ်ခါ သူလာမည့်အချိန်တိုင်း လိုချင်သည့်အသားများကို ဖယ်ထားပေး လေ့ရှိ၏။
"မလာရင်တောင် အိမ်လာပေးဖို့စဥ်းစားနေတာ..။ အသားတွေလည်း ခါတိုင်းထက်ပိုဖယ်ထားပေးတယ်။ ကျန်တဲ့ လိုတဲ့ပစ္စည်း တွေလည်း ၀ယ်ထားလိုက်ဦး..။ ဒီမှာက ပွဲတော်ရက်နီးလာပြီဆိုတော့ နောက်ရက် စျေးမရှိတော့ဘူး..။ လိုအပ်ရင် မြို့ထဲ ဆင်း၀ယ်ရလိမ့်မယ် လူချောလေး..။"
"ဟုတ်လား..ဘာပွဲတော်လဲဗျ..။
မြို့ခံလူများနှင့် အတော်ရင်းနှီးနေပြီမို့ Lucas ပြန်မေးလိုက်သည်။နှစ်တစ်နှစ်၏နောက်ဆုံးလသည် ပွဲတော်ရက်လဟု တင်စားခေါ်ဝေါ်ရမည်။ ပုံမှန် သည်လိုအချိန်ဆိုလျှင် Lucas တို့ဆီ အားလပ်ရက်များလည်းရသောကြောင့် ပျော်ပါးဖို့ အကောင်းဆုံးအချိန်ပင်ဖြစ်၏။
စပျစ်တောင်ကြား၏ပွဲတော်အကြောင်းကို Lucas စိတ်၀င်တစားနားထောင်ဖြစ်သည်။ နှစ်စဥ် နှစ်တိုင်းကျင်းပလေ့ ရှိသည့်ပွဲတော်တစ်ခုရှိသည်။ ထိုအချိန်တွင် တစ်မြို့လုံးမှာရှိသည့် အသီးသီးစိုက်ပျိုးထုတ်လှုပ် ထားသော စပျစ်သီးများနှင့် ၀ိုင်နီအရည် အသွေး ကိုပြိုင်ဆိုင်ကြခြင်းပင်။
STAI LEGGENDO
Magical Love
Storie breviReview တွေအများကြီးမပြောတော့ဘူး။ သဘာ၀လွန်ဖြစ်ရပ်ဆန်းများကို စိတ်၀င်စားမယ်ဆိုရင် ၀င်ဖတ်ကြည့်လိုက်ပါ။ စိတ်ကျေနပ်မယ်ဆိုရင် တစ်ခုခုပြောခဲ့ပေးပါ၊