အပိုင်း ( ၈ ) final unicode

154 14 4
                                    

"ဘာ..ဘာဖြစ်လို့လဲ Lucas"

ရုတ်တရက် ၀ုန်းကနဲထကာပြေးထွက်သွားသည့် Lucas ကြောင့် Ivan ရီ‌ဝေဝေဖြစ်နေသည့်ကြားမှ အလန့်တကြား မေးလိုက်သည်။ သူမေးသည်ကိုတောင် မကြားနိုင်သကဲ့သို့ Lucas ဟာ မြေအောက်သိုလှောင်ခန်းထဲမှ ပြေးထွက်သွား ပြီဖြစ်သည်။ Ivan ခတ္တမျှ ကြောင်အစွာ ရပ်ကြည့်နေရင်းမှ ချက်ချင်း Lucas နောက်သို့ ပြေးလိုက်သွားလိုက်၏၊

မီးဖိုခန်းထဲမှ ဓားတစ်ချောင်းဆွဲကာ အိမ်၏အနောက်ဖက်သို့ ထွက်သွားသည့် Lucas ကို တွေ့လိုက်ရသည်။ ဦးတည်ချက်သည် စပျစ်ပင်ငယ်ရှိရာ တောအုပ်လေးသို့ ဖြစ်၏။ ရုတ်တရက်ဆန်သည့် Lucas အပြုအမှု ကြောင့် Ivan စိတ်ပူမိသည်။ Lucas သည် အသိစိတ်လွတ်သွားသူသကဲ့သို့ပင်။

အချိန်အခါအားဖြင့် သန်းခေါင်ယံအချိန်ကို ကျော်လွန်နေသည့်တိုင် တိုက်ဆိုင်စွာ မှောင်ပိတ်နေသည့် တောအုပ် လေးပေါ်သို့ လရောင်သည့် ဖြန့်ကျက်ထား၏။ ထို့ကြောင့် ဖြူဖျောဖျောလရောင်အောက် Lucas ကို သူကောင်းစွာ မြင်နေရသည်။ စပျစ်ပင်လေးကို စူးစိုက်ကြည့်နေသည့် Lucas ၏အကြည့်သည် သာမာန်နှင့်မတူစွာ မီးတောက် မီးလျံများ ထွက်လာတော့မည့်အတိုင်း။

လက်ထဲတွင် ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသလို တင်းနေသည့်မျက်နှာနှင့် ပြုံးလိုက်သည့်အပြုံးသည့် ကျောရိုးထဲစိမ့်သွားလောက်သည်အထိ ကြောက်စရာကောင်းလွန်းနေ၏။ Lucas သည် ထီမထင်သည့်ပုံစံဖြင့် တစ်ချက်ပြုံးလိုက်ပြီး ဓါးသွားကို သူ့လက်ဖ၀ါးပေါ်သို့ တင်ကာ ဆွဲချလိုက်သည်။

"Lucas !!! "

Ivan အသံကုန်ခြစ်ကာ အော်လိုက်သော်လည်း Lucas လက်ဖ၀ါးမှသွေးများသည် စပျစ်ပင်ငယ်ပေါ်သို့ စီးဆင်းနေပြီ ဖြစ်၏။ စပျစ်ပင်ငယ်တစ်ခုလုံး တဖြည်းဖြည်းသွေးရောင်လွှမ်းသွားသည်ကို Ivan အံသြစွာကြည့်နေရင်း Lucas သည် ထိုနေရာ၌ပင် ပျော့ခွေကျသွားလေသည်။

"Lucas.. Lucas သတိထားဦးလေ"

ပြိုကျလာသည့် Lucas ခန္ဓာကိုယ်ကို Ivan အပြေးသွားကာထိန်းပွေ့လိုက်ပြီး အသာအယာပုတ်ပြီး ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်၌ဖွေးစွတ်နေသည့်လသည် သွေးရောင်လွှမ်းသကဲ့သို နီရဲသွား၏။ စပျစ်ပင်ငယ်ဆီမှလည်း စူးစူး၀ါး၀ါး နာကျင်အော်ငြီးသံကဲ့သို့ စူးရှရှထွက်ပေါ်လာပြီးသည့်နောက် Ivan ၏အသိစိတ်သည်လည်း အမှောင်ကျ သွားခဲ့သည်။

Magical LoveTempat cerita menjadi hidup. Temukan sekarang