Part 22

2.8K 339 95
                                    

ကျောင်းဝန်းထဲကိုလိုက်ပြဦးမယ်လို့ ရှောင်းကျန့်ကပြောပြီးထွက်သွားတော့ ကျန်နေခဲ့တာ သူတို့ငါးယောက်တည်း။ ရှောင်းကျန့်ရဲ့ကျောပြင်လေးကို သူလိုက်ကြည့်လိုက်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျောင်းဝန်းထဲကိုလိုက်ပြဦးမယ်လို့ ရှောင်းကျန့်ကပြောပြီးထွက်သွားတော့ ကျန်နေခဲ့တာ သူတို့ငါးယောက်တည်း။ ရှောင်းကျန့်ရဲ့ကျောပြင်လေးကို သူလိုက်ကြည့်လိုက်တယ်။

နှစ်ယောက်တွဲလို့လျှောက်သွားပေမယ့် လက်ကလေးတောင်တွဲထားခြင်းမရှိတာမို့ အများအမြင်မှာ သူငယ်ချင်းတွေလို့သာ ထင်နိုင်စရာရှိတယ်။

ဒါပေမယ့် ဘယ်သူသိမှာတဲ့လဲ။ သူတို့နှစ်ယောက်က ဒိတ်ဖို့ပြောထားကြတဲ့ စုံတွဲတဲ့လေ။

“ကျောပြင်လေးကို တသသလိုက်ကြည့်နေတယ်ပေါ့ ဟုတ်လား ”

ဟန်ရှင်းက ဒီလိုစနောက်လာတဲ့အခါ သူပြုံးလိုက်မိတယ်။ တသသလိုက်ကြည့်တယ်ဆိုတာထက် မကြည့်ပဲကိုမနေနိုင်လို့ ကြည့်နေမိခြင်းသာ။ အဲ့ဒီကျောပြင်ကျဉ်းကျဉ်းလေးကို ရင်ခွင်ထဲထည့်ထားနိုင်ဖူးတဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါရဲ့။

“ဟန်ရှင်းက သူ့စီနီယာနဲ့အဆင်ပြေနေပြီ ။ ဖွင့်ပြောထားတာ အခြေအနေကောင်းတယ်တဲ့ ”

ဝူယီက ဟန်ရှင်းဆီ‌မေးငေါ့ပြလို့ ရိပေါ်ကို ‌ပြောပြလာခဲ့တယ်။ သူ့လောက်တော့တစ်ဖက်သတ်ချစ်ချိန်မကြာပေမယ့် ဟန်ရှင်းသည်လည်း အချိန်အကြာကြီး စီနီယာ့ကို ခရက်ရှ်လာခဲ့သူပင်။ ဒီတော့ ဝမ်းသာစရာသတင်းကောင်းသာ။

သူဟန်ရှင်းပုခုံးကိုပုတ်လိုက်တယ်။ စောင့်ဆိုင်းခြင်းက နောက်ဆုံးတော့ အကျိုးရှိလာပြီပဲ။

“စီနီယာ့ဆီက အဖြေစောင့်နေတုန်းပါ ။ ဂုဏ်ပြုဖို့စောသေးတယ် ”

ဟန်ရှင်းကဂုတ်ပိုးကိုအသာပွတ်လို့ ရှက်ရဲရဲဖြင့်ပြောလာလေတယ်။ စီနီယာလျန်ရီ့ကို ဒီကောင်ဘယ်လောက်သဘောကျလဲ သူတို့တွေအသိဆုံး။

SUNFLOWER [COMPLETED]Where stories live. Discover now