Part 30

4.4K 395 136
                                    

“ငါအဲ့လိုပြောလိုက်မိတာလား ”

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

“ငါအဲ့လိုပြောလိုက်မိတာလား ”

ဘာမှမသိတဲ့အရိုးခံမျက်နှာလေးနဲ့ ရှောင်းကျန့်ကိုကြည့်ပြီး သူခေါင်းညိတ်ပြလိုက်တယ်။ ခုနကရယ်မိတဲ့ကိစ္စကို ရှောင်းကျန့်ကဇွဲမလျှော့ပဲမေးနေတာမို့ သူ မပြောပဲနေလို့မရပဲ ပြောပြလိုက်ရခြင်းပင်။

“ငါထင်တာ မင်း ဟွမ့်ကိုပြောတယ်လို့ ”

“ပြောစရာလား ၊ အိပ်မက်ထဲအထိ အဲ့လိုမျိုး သဘောကျပါတယ်ပြောနေတယ်ဆိုရင် အဲ့အိပ်မက်ထဲကသူက သေချာပေါက်ကို မင်းပဲနေမှာ ”

ရှောင်းကျန့်ဆီကသေချာတဲ့အပြောကိုကြားလိုက်ရတာ သူ့ရင်ထဲ ညင်သာတဲ့ရေအေးစီးကြောင်းလေးဖြတ်သန်းသွားသလိုပါပဲ။ ဒါပေမယ့် အဲ့ဒီရေအေးစီးကြောင်းက ရင်ကိုအေးသွားစေတာမဟုတ်ပဲ နွေးသွားစေတာ။

သူ့မှာ ဒီအကောင်ပေါက်လေးကို ချစ်ခဲ့မိခြင်းအတွက် နာကျင်ခဲ့ရတယ်ဆိုရင်တောင် ဘယ်လိုနောင်တမျိုးမှမရှိခဲ့လေဘူး။

“ငါတောင်းပန်ပါတယ်နော် ။ ငါ့ကြောင့်နဲ့ အများကြီး နာကျင်ခဲ့ရတယ်မလား ”

သူတို့ကအခု အုတ်ခုံလေးမှာထိုင်ပြီး စကားတွေပြောနေကြတာ။ နှစ်ယောက်လုံး ဒီနေရာကနေ မခွာချင်သေးတာမို့။

ပြီးတော့ အရင်ကဆို ဒီနေရာကသူတို့အတွက် ဒီအတိုင်း အုတ်ခုံသပ်သပ်သာဖြစ်မှာဆိုပေမယ့် အခုတော့မတူတော့ဘူး။ ဒီနေရာကသူတို့အတွက် အချစ်ရိပ်မြုံလေးပဲ။ ထူးခြားတဲ့အမှတ်တရတွေရှိသွားပြီမို့။

ရှောင်းကျန့်က သူ့ရင်ဘတ်ကိုလက်ဖဝါးလေးနဲ့အုပ်ရင်း ချစ်ဖို့ကောင်းစွာပြောလာလေတာ။ သူတကယ်ကိုနာကျင်ခဲ့ရတယ်ဆိုပေမယ့် အဲ့ဒီနာကျင်ခြင်းတွေအတွက် ရှောင်းကျန့်ကိုအပြစ်တင်ခဲ့ဖူးတာမရှိလေဘူး။ ဒါ့ကြောင့်မို့ အခုလို ရှောင်းကျန့် နာကျင်နေပုံလေးကိုမြင်ရတာ သူ့ရင်ကိုကြေကွဲစေတယ်။

SUNFLOWER [COMPLETED]Tempat cerita menjadi hidup. Temukan sekarang