နောက်တစ်နေ့ကျောင်းကိုရောက်တော့ အတန်းတက်ရမယ့်အစား မီလန်တို့နဲ့ ကန်တင်းအရင်ထိုင်လိုက်တယ်။ second semester စာမေးပွဲနီးလာပေမယ့် ကျောင်းသားတွေက အတန်းထဲမှာရှိရမယ့်အစား ကန်တင်းမှာသာ စုပြုံနေကြတယ်။
ဒါကဓလေ့ပဲ။ စာမေးပွဲနီးတာနဲ့ ဘယ်ကျောင်းသားကမှ အတန်းမတက်ချင်ကြတော့ဘူး။
ဘာမှမသိကြတဲ့ သူ့သူငယ်ချင်းကောင်တွေက သူ့ကိုမျက်လုံးတလက်လက်ဖြင့်ကြည့်နေကြတယ်။ သူကိုယ်တိုင်ပဲပြောထားတာကိုး၊ ဒီနေ့ ရိပေါ်ကိုဖွင့်ပြောမယ်ဆိုတာလေ။ ဒါပေမယ့် ညကကိစ္စကြီးက မုန်တိုင်းတစ်ခုလိုမျိုး သူ့အစီအစဉ်တွေကို ဝင်မွှေသွားခဲ့တယ်။
နောက်ထပ်အစီအစဉ်တွေစဉ်းစားထားပေမယ့်လည်း ဒီနေ့မှာ ရိပေါ်က ကျောင်းတောင်မလာခဲ့ဘူးလေ။ သူ့ရင်တွေကွဲရတာပါပဲ။
“မီလန် .. ဒီမှာ နင့်ဖုန်း ”
စားပွဲပေါ်ကို မီလန့်ဖုန်းတင်ပေးလိုက်တယ်။ မနေ့က ရိပေါ်သူ့လက်ထဲ ဖုန်းထည့်ပေးတုန်းကဖြစ်အင်တွေကိုပြန်သတိရတော့ ထိန်းလို့မရနိုင်စွာပဲ သူ့ရင်မွန်းကြပ်လာရပြီး မျက်နှာထားလည်းမှိုင်းသွားရတယ်။
“ဟင် ငါ့ဖုန်းကဘယ်လိုဖြစ်ပြီး နင့်ဆီ ? ငါကပျောက်သွားတယ်တောင်ထင်နေတာ ”
“နင်တကယ်ကို နမော်နမဲ့ဟာ ။ နင့်ဖုန်းက ရိပေါ်ကားပေါ်ကျန်ခဲ့တာလေ ။ အခုကိစ္စတွေက အကုန်ရှုပ်ကုန်ပြီ ”
သူ စိတ်ပျက်လက်နဲ့ ရေရွတ်လိုက်တယ်။ ပြန်ဖြေရှင်းနိုင်မယ့်ယုံကြည်ချက်တော့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အပြစ်တင်နေမိတုန်းပဲ။ သူ့ကြောင့်နဲ့ ရိပေါ်နာကျင်ခဲ့ရတာတွေအတွက် သူကိုယ့်ကိုကိုယ် မုန်းတီးမိတယ်။
YOU ARE READING
SUNFLOWER [COMPLETED]
Fanfictionနေကြာပန်းနဲ့ကိုယ်။ ကိုယ်နဲ့နေကြာပန်း။ တစ်စုံတစ်ယောက် တစ်စုံတရာကို မျှော်ကြည့်နေရမယ့် ကံကြမ္မာဘဝပေးအခြေအနေတွေနှင့်...။ ∆ Full credit to original owner for pics that I used in fiction.