မျက်စိရှေ့ကနေ လှည့်ထွက်သွားတာတောင် သူ့မှာလက်မြှောက်လို့ လှမ်းမဆွဲထားနိုင်တဲ့အဖြစ်။ စကားတစ်ခွန်းပြောလိုက်ဖို့ရာလည်း ပါးစပ်က အာဆေးမိထားသလို။
ကျောပြင်ကျယ် မြင်လွှာကနေပျောက်ကွယ်သွားကာမှ ထိုင်ချလို့ငိုလိုက်မိတယ်။
ထင်သလိုမဟုတ်တော့ပါဘူးလို့လည်း ပြောချင်မိတယ်။ စည်းထားစရာမလိုတော့ကြောင့်လည်း ပြောချင်မိတယ်။ ဖြူစင်တဲ့စိတ်ထား .. အဲ့လိုဟာတွေ တစ်ခုမှမလိုတော့ပါဘူးလို့လည်း ပြောချင်မိပါတယ်။
ဒါပေမယ့် သူ့ပါးစပ်က ဘာဆိုဘာမှမပြောနိုင်ခဲ့။
ပြီးတော့ ရိပေါ်ရဲ့မျက်ဝန်းတွေ။ နာကျင်ရိပ်တွေစွက်နေတဲ့ အဲ့ဒီမျက်ဝန်းက သူ့ရင်ကို ဆူးပေါင်းများစွာနဲ့ထိုးစိုက်နေသလိုမျိုး တဆစ်ဆစ်နာကျင်နေစေတယ်။
လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့သီးနှံ ကိုယ်ရိတ်သိမ်းရတာပါပဲ။ ဒီလိုတွေဖြစ်ကုန်ရတာ အားလုံးက သူ့အမှားသာ။
“ညီငယ် အေးကအေးနဲ့ကွာ ”
အနားကိုရောက်လာတဲ့ကိုကြီး။ သူငိုနေတာမြင်တော့ ကိုကြီးမျက်နှာလည်းမကောင်းလှ။ သူကိုကြီးရဲ့လက်မောင်းကို အားကိုးတကြီးနဲ့လှမ်းဖက်တွယ်လိုက်တယ်။
“ကိုကြီး ရိပေါ်လေ .. ရိပေါ် ငိုသွားတယ်သိလား ။ ပြီးတော့ ကျွန်တော့်ကိုလည်း မုန်းသွားပြီထင်တယ် ”
အဲ့ဒီနာကျင်မျက်ဝန်းတွေ သူ့အာရုံထဲကမထွက်။ တကယ်ပဲ မုန်းများမုန်းသွားရင်ဆိုတာမျိုးတွေးမိတော့ သူ့ရင်ဘတ်ကအောင့်မျက်လာရတယ်။ ရိပေါ်ကိုနာကျင်အောင်လုပ်မိလို့ သူဝဋ်ပြန်လည်ပြီထင်ပါရဲ့။
KAMU SEDANG MEMBACA
SUNFLOWER [COMPLETED]
Fiksi Penggemarနေကြာပန်းနဲ့ကိုယ်။ ကိုယ်နဲ့နေကြာပန်း။ တစ်စုံတစ်ယောက် တစ်စုံတရာကို မျှော်ကြည့်နေရမယ့် ကံကြမ္မာဘဝပေးအခြေအနေတွေနှင့်...။ ∆ Full credit to original owner for pics that I used in fiction.