Top system
Arc2.1
ဇာတ်လိုက်..မင်ရှင်းချွင်
ဇာတ်လိုက်မ..တင်းရှန်ယွမ်
Host..မင်ရှင်းချိန်ရဲရင့်တစ်ယောက်နိုးလာတော့. ရှေးခေတ်အသုံးအဆောင်တွေနဲ့ အခန်းတစ်ခုထဲရောက်နေတာကိုတွေ့လိုက်ရသည်။ မဟုတ်ဘူး။ အိမ်အသေးစားလို့ပြောရင်ပိုမှန်မည်။ ပရိဘောဂတွေကလည်း အစီအရီသပ်သပ်ရပ်ရပ်ထားထားသည်လေ။ ကြည့်ရတာဒီလူကတစ်ယောက်တည်းနေတဲ့ပုံပဲ။
သူကအိပ်ရာကထလိုက်ပြီး. အခန်းထဲကိုလှည့်လည်ကြည့်နေသည်။ အိမ်လေးကသိပ်ပြီးမကျယ်ပေမယ့် အစုံရှိနေတာကြောင့်အံသြခဲ့ရသည်။ ပြီးတော့သူမသိတဲ့အရာတွေရော အများအပြားရှိနေခဲ့သည်။
[Host ဒီကိုယ်ရဲ့မှတ်ဥာဏ်တွေ လွဲပြောင်းပေးပါ့မယ် ပြန်အိပ်နေပါခင်ဗျ]
*အင်း* နာကျင်မှုများနှင့်အတူ အရင်လူ၏မှတ်ဥာဏ်များကဝင်ရောက်လာခဲ့သည်။
ဒီကမ္ဘာမှာ လူသုံးမျိုးရှိပြီး အဲ့တာတွေကို alpha. beta. omega လို့သမုတ်ကြသည်။ alphaတွေကတော့ အရာရာကိုဦးဆောင်နိုင်တဲ့သူတွေဖြစ်ကြပြီး. သန်မာတဲ့ကိုယ်လုံးကိုယ်ပေါက်တွေရှိကြသည်။ သူတို့တွေကနေရာတိုင်းမှာ ခေါင်းဆောင်တွေဖြစ်ကြသည်။ ပြီးတော့သူတို့တွေက rutလို့ခေါ်တဲ့အရာရှိကြပြီး ခန့်မှန်းခြေခြောက်လတစ်ခါဖြစ်ကြသည်။ အဲ့တာတွေဖြစ်ရင် ခန္ဓာကိုယ်အတွင်းကဟော်မုန်းလို့ခေါ်တဲ့အရာတွေက ပွင့်ထွက်လာကြပြီး သူတို့ကိုသားရဲကောင်လိုဖြစ်သွားစေသည်။ ထို့ကြောင့်သူတို့ကrutဖြစ်ရင် မဖြစ်ခင်အချိန်မှာကြိုတင်ပြီးဆေးသောက်ထားရ၏.၊ ပြီးတော့သူတို့က rutဖြစ်ရင်အစွယ်တွေထွက်လာတတ်ကြပြီး အဲ့ဟာနဲ့အမှတ်အသားပြုကြသည်။ ကိုက်တာခံရတဲ့သူကတော့ သူနဲ့ပဲတစ်သက်လုံးနေသွားကြရသည်။ ဒါပေမယ့်တချို့တွေကမတော်တဆဖြစ်ကြတာကြောင့် တာဝန်မယူကြချေ။ အဲ့ကြောင့်လည်းနိုင်ငံတော်ကနေ လုပ်တဲ့သူတွေကိုထောင်ဒဏ်(၁၀)နှစ်ပေးကြ၏။ ပိုင်ရှင်ရှိရင်တော့ကံကောင်းသည်။ ပိုင်ရှင်ရှိတဲ့လူတွေကတော့ သူတို့လူတွေနဲ့အတူတစ်ပါတ်တာကို အတူတူဖြတ်သန်းကြသည်။ betaတွေကတော့ သာမာန်လူတွေသာဖြစ်ကြသည်။ omegaတွေကတော့ ဦးဆောင်ခြင်းခံရတဲ့သူတွေဖြစ်ကြသည်။ သူတို့တွေက heatလို့ခေါ်တဲ့အရာရှိကြပြီး ထိုအရာတွေက သုံးလတစ်ခါဖြစ်ကြသည်။ ထိုအရာကသူတို့ကိုအားနည်းစေပြီး alphaတွေရဲ့လက်အောက်မှာနာခံချင်ကြသည်။ ထို့ကြောင့်သူတို့က ဂလင်းလို့ခေါ်တဲ့နေရာကို ဟော်မုန်းတားတဲ့လည်ဆွဲတွေဝတ်ဆင်တတ်ကြ၏။ ထို့ကြောင့်အလိုမတူတာတွေကရှားလာသည်။ မရှိတာမဟုတ်ပေမယ့်ပေါ့။ (မရှင်းပြတော့ဘူးနော်သိကြမယ်ထင်ပါတယ်)
YOU ARE READING
ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်system
Romanceဒါကေတာ့ ကိုယ့်ရဲ့ first oc.ficလေးပါရှင့် ဝင်ဖတ်ပေးကြပါအုံးနော် ချစ်လေးတို့ start date... 23.4.2022 end date.......