arc2.29

43 5 0
                                    

Zg...

Top system

Arc2.29

ဇာတ်လိုက်..မင်ရှင်းချွင်
ဇာတ်လိုက်မ..တင်းရှန်ယွမ်
Host..မင်ရှင်းချိန်
ရှစ်ဇွင်း...ရန်ဝေးရွှယ်

ကျွန်တော့်ရှစ်ဇွင်းomegaလေး

ရုတ်တရက်ပြေးဝင်လာသည့်ရှားကြောင့် အားလျဲ့နှင့်ထိုမိန်းမကြီးက ကြောင်အလျက်သား။

"ခင်ဗျားသားမဟုတ်ဘူးလား! ဘာလို့ ကိုယ့်သားကိုယ်သူစိမ်းလက်ထဲထိုးထည့်ရတာလဲ"

"အို၊ ငါ့သားဆိုလုပ်နေမလား၊ ဒီကောင်က ဟိုအမျိုးယုတ်ရဲ့သား၊ ငါ့သွေးတစ်စက်ကလေးတောင်မပါဘူး။ နင်ကရော ဘာလို့လာပြောနေတာလဲ၊ မဟုတ်မှ...ဟိုအမျိုးယုတ်သားကို ကြိုက်သွားလို့လား၊ မဖြစ်ဘူးနော်၊ ဟိုဟန်အိမ်ကသားက နောက်ရက်အနည်းငယ်အတွင်းသူ့ကိုလာတောင်းမှာ၊ တင်တောင်းငွေက ငွေတုံးငါးတုံးတောင်နော်၊ နင့်ကိုကြည့်ရတာကြည့်ကောင်းပေမယ့် အဲ့လောက်တော့ပေးနိုင်မယ်မထင်ဘူး"

ရှားကဒေါသထွက်စွာ ငွေတစ်အိတ်ထုတ်ပေးလိုက်သည်။ ဒါက အားလျဲ့နဲ့ထိုမိန်းမကြီး၏ နောက်ဆုံးတွေ့ဆုံခန်းမို့။ ပြီးတော့အားလျဲ့ကိုမိစ်ဆာတိုင်းပြည်၏တစ်နေရာကိုခေါ်သွားမည်။

ထိုမိန်းမကြီးက ထပ်အော်ဆဲရန်ကြံသော်လည်း ငွေအိတ်၏အလေးချိန်ကို ခန့်မှန်းမိတာမို့ မတားတော့။ သူ့အတွက်တော့ အားလျဲ့က အိမ်၏အစေခံပင်။ ပါးစပ်တစ်ပေါက်လျော့သည့်အပြင် ငွေတွေပါရသည်မို့ သူ့အနေဖြင့် အားရကျေနပ်မိသည်။

ဒါကြောင့်ရှားက အားလျဲ့ကိုခေါ်သွားတာကိုတောင် တားမနေတော့။

>>><<<

ဤသည်က သူတို့နှစ်ယောက်ဘယ်လိုအကြောင်းဖန်ခဲ့သည့်ပုံ။ ရှားကအားလျဲ့ကိုခေါ်ပြီး သိပ်မထင်ရှားသောမြို့တစ်မြို့ကိုခေါ်ခဲ့သည်။
ကျယ်ဝန်းသောအိမ်တစ်အိမ်ကိုဝယ်ခဲ့ပြီး လယ်ယာဧကအနည်းငယ်ဝယ်လိုက်သည်။

ရှားနှင့်အားလျဲ့က အတူတကွနေထိုင်ရင်း သံယောဇဉ်အမျှင်လေးများကတိုးလာကာ ချစ်ကြိုက်သွားကြသည်။

သူတို့နှစ်ယောက်က သမီးတစ်ယောက်၊ သားတစ်ယောက်ကိုမွေးဖွားခဲ့ပြီး သမီးဖြစ်သူက Betaဖြစ်ကာ သားဖြစ်သူကတော့ Omegaဖြစ်သည်။

ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်systemDonde viven las historias. Descúbrelo ahora