arc2.30

51 6 0
                                    

Zg...

Top system

Arc2.30

ဇာတ်လိုက်..မင်ရှင်းချွင်
ဇာတ်လိုက်မ..တင်းရှန်ယွမ်
Host..မင်ရှင်းချိန်
ရှစ်ဇွင်း...ရန်ဝေးရွှယ်

ကျွန်တော့်ရှစ်ဇွင်းomegaလေး

မင်ရှင်းချိန် ကျောင်းတော်ကိုပြန်ရောက်ရောက်ချင်း တွေ့လိုက်ရတဲ့မြင်ကွင်းက ရင်ဘတ်ကို ဇောက်နဲ့ထွင်းလိုက်သယောင်။

မင်ရှင်းချိန်ဆိုတဲ့ နာမည်မှတ်တိုင်အောက်မှာ စာလုံးအချို့ထွင်းထုထားသေးသည်။
"ပြန်လမ်းမဲ့ သူရဲကောင်း"ပါတဲ့။

လူသေတွေအတွက်မီးရှို့ပေးတဲ့ ငွေစက္ကူတွေကိုရော အထုတ်လိုက်ရှို့ပေးနေကြသည်။
စိတ်မခိုင်သူအချို့ဆိုလျှင် နှာတရှုံ့ရှုံ့နှင့်။
သေချာပေါက် Omegaလေးများက ပိုများနေသည်။

မင်ရှင်းချိန်ဆိုသည်မှာ သူတို့၏စိတ်ကူးထဲက ခင်ပွန်းပုံစံပင်မဟုတ်ပါလော။
(A/N မင်ရှင်းချိန်၏ရှေးခေတ်မှ Fan group)

>>><<<

မင်ရှင်းချိန် ပြောစရာစကားမရှိလောက်အောင်ကို ဆွံ့အသွားသည်။ ထို့နောက်အင်္ကျီကို ရှုပ်ပွအောင်နည်းနည်းပြင်လိုက်ပြီး ဖြူဖျော့သောမျက်နှာဖြင့် ကျောင်းဝင်းထဲသို့ဝင်လိုက်၏။

ထိုအခါမှာ စာသင်သားတစ်ယောက်က သူ့ကိုသတိထားမိသွား၏။

"ဒါ စီနီယာအစ်ကို မင်ရှင်းချိန်မလား"

ထိုစာသင်သားအသံက မတိုးလှတာကြောင့် လူတစ်ချို့ကလှည့်ကြည့်လာကြပြီး

"ဟာ..ဟုတ်ပ ပြောတော့ စီနီယာအစ်ကိုမင်ရှင်းချိန်က မိစ်ဆာတိုင်းပြည်ကိုရောက်ပြီး သေသွားတာဆို!"

"အေးဟ စီနီယာအစ်ကိုကို ကြည့်ရတာ ရှုပ်ပွနေတာပဲ သူအသက်လုပြေးလာရတယ်နဲ့တူတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် သူအသက်ရှင်နေတာပဲမဟုတ်လား"

"ဒါတော့ဟုတ်တယ်၊ စီနီယာအစ်ကိုရဲ့အစွမ်းက ငါတို့ထင်ထားတာထက် ပိုစွမ်းမယ့်ပုံပဲ"

"ကျင့်ကြံဆင့်ကလည်း တက်သွားပြီထင်တယ်"

"ရန်ရှစ်ကျွင်းရဲ့အမြင်က တကယ်ကိုသာမာန်မဟုတ်ဘူးပဲ"

ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်systemDonde viven las historias. Descúbrelo ahora