Zg....
Top system
Arc2.28
ဇာတ်လိုက်..မင်ရှင်းချွင်
ဇာတ်လိုက်မ..တင်းရှန်ယွမ်
Host..မင်ရှင်းချိန်
ရှစ်ဇွင်း...ရန်ဝေးရွှယ်ကျွန်တော့်ရှစ်ဇွင်းomegaလေး
မင်ရှင်းချိန် ဘေးနားကအနားကွပ်ထားသော ကျောက်မျက်ရတနာများနှင့် အခြားသောအဖိုးတန်ကြွေထည်များကိုတွေ့တော့ မျက်ဝန်းများတောက်ပသွားသည်။
*တန်တန်ကိုပြောပြီး ဒီကဟာတွေကိုယူထုတ်သွားရမယ်၊ မော်ဒန်ခေတ်မှာဒါမျိုးကို စျေးကောင်းပေးလောက်တယ်၊ ဟူး..ငါ့ကိုmossionပေးပြီး ထွက်သွားတဲ့ကောင်စုတ်၊ ပြန်လာမှတွေ့မယ်။*
တစ်ဖက်က သူ့ကိုကိုနှင့်ဒိတ်နေသောတန်တန်လေးမှာ ရုတ်ချည်းကြက်သီးထသွားရသည်။
[ဘယ်သူငါ့မကောင်းကြောင်းပြောနေလဲမသိဘူး]
မင်ရှင်းချိန်လှည့်ပတ်ကြည့်နေတုန်း အခုနကလို ဝတ်စုံဆင်တူလေးတွေနှင့် မြေခွေးမျိုးနွယ်မိန်းကလေးများက သူ့ကိုဂါရဝပြုကြ၏။
"အရှင့်ကို နှုတ်ခွန်းဆက်သပါတယ်""အမ် ဟုတ်ပါပြီ ထွက်သွားကြ၊ ငါကိုယ်တော်တစ်ယောက်ထဲနေချင်တယ်"
အလျှိုလျှိုထွက်သွားသောမိန်းကလေးများကြောင့် သူရောက်နေသည့်နေရာက သူနဲ့ရုပ်ချင်းဆင်မည့် မိစ္ဆာဘုရင်ကြီး၏အဆောင်မှန်း သိသွားသည်။
*ထူးဆန်းလိုက်တာ၊ သေချာပေါက်မတူတဲ့လူနှစ်ယောက်ကို.. သူတို့ကမမြင်နိုင်ကြတာလား၊ ဒါမှမဟုတ် မင်ရှင်းချိန်' က တကယ်ပဲ မိစ္ဆာဘုရင်လား*
တွေးရင်းနှင့် မိစ္ဆာဘုရင်၏ စာကြည့်ဆောင်ထဲရောက်သွားသည်။ ထိုအထဲမှ သူ့အာရုံကိုဖမ်းဆွဲထားသည်က နွမ်းစုတ်နေသော စာလိပ်။
*နွမ်းပေမယ့်အထင်သေးလို့မရဘူး၊ ဒီထဲမှာ ငါသိချင်တဲ့အရာကိုသိနိုင်လိမ့်မယ်*
စာလိပ်ကိုကိုင်လိုက်တော့ စာလိပ်ထဲမှ အသိစိတ်တစ်ခုတိုးထွက်လာပြီး သူ့ကိုဆွဲခေါ်သွားတော့သည်။
မိစ္ဆာတိုင်းပြည်မှစာလိပ်က တကယ်ကိုထိပ်တန်းအဆင့်ပင်။ ရေးသားရုံမျှဖြစ်သော်လည်း ထိုအခိုက်အတန့်က အစစ်အမှန်ဆိုလျှင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နိုင်ပေ၏။
ESTÁS LEYENDO
ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်system
Romanceဒါကေတာ့ ကိုယ့်ရဲ့ first oc.ficလေးပါရှင့် ဝင်ဖတ်ပေးကြပါအုံးနော် ချစ်လေးတို့ start date... 23.4.2022 end date.......