"Seokjin မထသေးဘူးလား! "
"၅မိနစ်လောက်"
"ဘာ၅မိနစ်လဲ နင်ပြောတဲ့ ၅မိနစ်က မနက်၆နာရီတည်းက ခု ၇နာရီခွဲနေပြီ မထသေးဘူးလား!"
မိဘတွေမရှိတော့ပေမဲ့ အဒေါ်ဆိုတဲ့သူမရှိသေးတယ် ငယ်ငယ်တည်းက မိဘတွေမရှိတော့တဲ့တူလေးကို အလိုလိုက်ထားပါတယ် ခုတော့ မနက်အိမ်ယာနှိုးတိုင်း သူ့မှာ လူကြမ်းမကြီးဖြစ်လို့..
"ဒီတစ်ခါ နောက်ဆုံး၅မိနစ်ဘဲလေနော်"
"မရဘူး! ကောင်းကောင်းနှိုးတုန်းထမှာလား? ဒါမှမဟုတ် ဒေါ်လေးတုတ်နဲ့နှိုးရမှာလား ဒယ်ပြားနဲ့နှိုးမှာလား"
"ကြည့်ကြည့် ဒီမှာလေ ကလေးကို ခြိမ်းခြောက်နေပါတယ်ဗျို့!"
"ခွပ်!"
"အာ့!"
"ဘာကလေး အသက်ကဖြင့် ၂၆ဖြစ်နေပြီ ငါထုလိုက်ရ"
"ထုပြီးနေပြီကို ကြည့်အုံး အာလူးဘူးသီးထသွားပြီလားမသိဘူး "
နာနေတဲ့ ခေါင်းလားအား ပွတ်ကာ နှုတ်ခမ်းကြီးဆူပြီး ပြောနေတဲ့ သူ့မရဲ့ နှစ်ယောက်မရှိ တူလေး
"အမလေး Kim Seokjinရယ် ငါထုတာ ဖြည်းဖြည်းလေးပါဟယ် သွား မျက်နှာသစ် ပြီးရင် အောက်မှာဒေါ်လေး ပြင်ထားတဲ့မနက်စားပြီး ကျောင်းသွားတော့"
"သိပါပြီ "
"မုန့်ဖိုးရှိသေးလား? ဒေါ်လေး မင်းရဲ့ဘဏ်ကဒ်ထည်း ငွေထပ်ထည့်ပေးထားတယ်"
"အရင် ပတ်က ပေးထားတဲ့ မုန့်ဖိုးတောင် မသုံးရသေးဘူး "
"ကဲပါ သွားမျက်နှာသစ်တော့ ဒေါ်လေးဆိုင်ကို သွားတော့မယ်"
"ဟုတ်"
"ပြင်ထားတဲ့ မနက်စာကို စားပြီးမှသွားနော် ပြီးတော့ စားပွဲပေါ်မှာတင်ထားတဲ့ ထမင်းဘူးလဲယူသွား မသန့်တဲ့အပြင်စာမစားရဘူး နေမကောင်းဖြစ်မယ်"
"သိပါပြီ...သိပါပြီ ဒီတူလေးကို အရမ်းစိတ်ပူတာဘဲလား "
" စိတ်ပူစရာလား ဝေးလာဝေးဘဲ တကယ်ဘဲ သွားပြီသွားပြီ"
"ဒေါ်လေး~"
"ဘာလဲ!"
"ထူးတာကြီးကလဲ ညှင်သာချက် အိမ်တောင်ပြိုကျသွားတော့မယ်"
![](https://img.wattpad.com/cover/314509509-288-k114798.jpg)