သာယာသောနေ့တစ်နေ့ရဲ့အစ.. နေမင်းနီနီရဲ့ အလင်းရောင်ခြည်တွေက အခန်းတစ်ခန်းရဲ့ ပြတင်းပေါက်မှာ ဖြာကျနေသည်..
ထိုအခန်းပိုင်ရှင်လေးကတော့ အပြစ်ကင်းစွာ အိပ်ပျော်နေလေရဲ့
စောင်ကိုခေါင်းအုံး ဖက်လုံးကိုခွထား ခေါင်းအုံးကတော့ကုတင်အောက်ကျနေပီး ကောင်လေးကအနေထားကတော့ ကုတင်ပေါ်ကပြတ်ကျတော့မည့်ဟန်ရှိနေသည် ထိုစဥ်..
"သားသားရေ ထတော့ "
"......"
"ဟော ထပါတော့ဆို ခုမထရင် အဖွားမုန့်ဖိုးဖျက်မယ် "
jin "မုန့်ဖိုး ! ထပြီ ထပြီ ..အဖွားကလဲ ကျောင်းတက်ရက်ဆိုမနှိုးဘူး ပိတ်ရက်ဆိုနှိုးပီ🙄"
"အချိန်ကြည့်လေ သားသားရဲ့ မဟုတ်ရင်အဖွားကနှိုးပါ့မလား အဖွားမြေးလေး အိပ်ပါစေဆိုပီထားမှာပေါ့ "
Seokjin နံရံပေါ်က နာရီကိုကြည့်မိတော့ 12:15
jin "စောကြီး."
"ဒီချိန်ကိုစောတာလား ရိုက်လိုက်ရ.... ထတော့ ရေချိုး အဖွား သားသားစားဖို့သွားပြင်အုံးမယ်"
jin "ဟုတ်"
"ပြန် မအိပ်နဲ့နော် "
jin "ဟုတ်"
><><><><><><><
jin "အဖွား သား ဟိုကောင်တွေနဲ့အပြင်သွားမလို အပြင်မှာပဲစားလိုက်တော့မယ်နော် "
"နေအုံး လာပါအုံး ဒီမှာလာထိုင် အဖွားပြောစရာရှိတယ် "
Seokjin ထိုင်ခုံပေါ်မှာထိုင်လိုက်တော့ အဖွားကစကားစသည်
"မနေ့က အဖွားဆေးရုံသွားတော့လေ.."
jin "အဖွား ဘာဖစ်လို့လဲ "
"အဖွားဖြစ်တာမဟုတ်ပါဘူး အဖွားအသိဆေးရုံတက်လို့ သွားမေးတာ "
jin "အော် "
"အဲ့မှာ သားသားရဲ့ နှလုံးရောဂါကုပေးတဲ့ Dr.minhanနဲ့တွေ့ခဲ့တယ် "
YOU ARE READING
My Angry bird🍒 (complete)
Fanfiction"ငါ ဒီအရှုပ်ထုတ်ကို ဘယ်က စချစ်မိသွားတာလဲ 😳" "ချစ်လား မချစ်ဘူးလား မသိဘူး ကျတော် သိတာက ခများကို ဒုခပဲပေးချင်တာ" "ငါ ခံစားရသလို ထပ်တူခံစားစေရမယ် ဂျွန်ဂျောင်ကု " Start_ 25 jun 2022 End_25 July 2022 🍒🤎