flash black ~~
jungkookပြောင်းတာပြီး တစ်ပတ်အတွင်းမှာပင် သဲငယ်နဲ့ကျတော်ဆက်ဆံရေးတွေအေးဆက်ကုန်တယ်
အရင်လိုကျောင်းမှာ အစောကြီးကြိုစောင့်မနေပဲ ကျတော့်ခုံပေါ်မှာ ဝတ်ကြေတန်းကြေလုပ်ရသလို ထမင်းဗူးနဲ့နှင်းဆီပန်းကိုထားပေးတယ် သူကတော့jungkookနဲ့စာကြည့်တိုက်ဘက်ကိုအမြဲသွားတယ်
ကျောင်းပြန်တော့လဲ jungkookနဲ့က လမ်းတူတယ်ဆိုပြီးသူနဲ့ပြန်တယ်
အရင်လို မောင် လို့ခေါ်တဲ့အသံတွေကလည်းနည်းသွားတယ်
ကျတော်စဥ်းစားမိတယ် ကျတော်ကသူ့ကောင်လေးရောဟုတ်သေးရဲ့လားလို့....><><><><><
tae"သဲငယ် မောင် မေးစရာလေးရှိတယ်"
juri "om.."
tae"jungkookနဲ့ သဲငယ်နဲ့ကဘာတွေလဲ"
juri "ဘာလို့မေးတာလဲ"
tae "အခုတစ်လောသူနဲ့သွားအတူလာအတူဖြစ်နေလို့"
juri "အဲ့တော့ ဘာတွေထင်လဲ"
tae "မောင့်ကို ခနဲ့သလိုတွေမပြောနဲ့ကွာ"
juri "လမ်းခွဲရအောင်"
ဘာရယ်....တစ်သက်လုံးထားမသွားပါဘူးဆိုတဲ့ သဲငယ်က...သဲငယ်ကလေ...ကျတော့်ကိုလမ်းခွဲမယ်တဲ့...jungkookကြောင့်လား
taehyung စိတ်ထဲ ဝမ်းနည်းမှုတွေရော ဒေါသထွက်ခြင်းတွေပါ အလုံးလိုက်ဝင်လာသည်
tae "jungkookကြောင့်ပေါ့..ဟလား...jungkookကြောင့်လားလို့..."
juriရဲ့ ပုခုံးကိုတင်းတင်းကိုင်လှုပ်ကာ အသံမာမာဖြင့် မေးလေသည် မျက်လုံးအိမ်တွင်လည်း မျက်ရည်များကဝဲလို့
juri "အဲ့လိုထင်တာမလား အဲ့လိုပဲထင်ပါ ငါမဖြေရှင်းတက်ဘူး"
tae "ငါ...ငါ.ဟုတ်လား မင်းကလေ အလယ်တန်းထဲကမင်းဘေးနားရှိတဲ့ငါ့ထက် မနေ့တစ်နေ့ကမှ မြင်ဖူးတဲ့လူကို ပိုချစ်တယ်လား....ဟက် မင်းကအရမ်းလွယ်တာပဲ...အပေါစားပဲ"
*ဖြောင်း*
အရိုက်ခံလိုက်ရတယ်...ဟုတ်တယ် ကျတော့်ပါးကို ကျတော်မြတ်နိုးရတဲ့လက်ကလေးကရိုက်သွားတာ
အရိုက်ခံရတာ နာပါတယ် ဒါမဲ့ရင်ထဲကပိုနာတယ်
YOU ARE READING
My Angry bird🍒 (complete)
Fanfiction"ငါ ဒီအရှုပ်ထုတ်ကို ဘယ်က စချစ်မိသွားတာလဲ 😳" "ချစ်လား မချစ်ဘူးလား မသိဘူး ကျတော် သိတာက ခများကို ဒုခပဲပေးချင်တာ" "ငါ ခံစားရသလို ထပ်တူခံစားစေရမယ် ဂျွန်ဂျောင်ကု " Start_ 25 jun 2022 End_25 July 2022 🍒🤎