Episode 14

1.3K 155 23
                                    

ရာသီဥတုသာယာတဲ့ နံနက်ခင်းလေး...ဒါပေမယ့် ဒီနေ့က အရင်ရက်တွေလို မဟုတ်ဘဲ ဆယ်ဆသာယာနေသည် ဘာကြောင့်လဲဆိုတော့ ချစ်ရတဲ့လူအနားမှာရှိနေလို့ဖြစ်မည်

နေမင်းရဲ့အလင်းရောင်ခြည်က အိပ်နေသောjungkookကိုနှိုးလိုက်သည်...

jkမျက်လုံးတွေဖွင့်လိုက်တာနဲ့ သူမြင်ရသော ခေါင်းလုံးလုံးလေး ပိုးတုံးလုံးလေးက jungkookရင်ခွင်ထဲမှာပုန်းပြီး အိပ်ပျော်နေလေရဲ့ နှုတ်ခမ်းဆူဆူလေးကလဲထော်လို့....သရေလေးတွေနဲ့ တစ်ကယ်ကိုကလေးပေါက်စပင်...

jk သူ့အူကျူးရဲ့ အလှကိုကြည့်ကာ ပြုံးနေသည်.... နှိုးနေပေမယ့် လှုပ်၍ကမရ ပေါက်စနိုးမှာလဲဆိုးရသည်

ဒီနေ့ကတော့ jungkookအတွက်အပျော်ဆုံးနေ့ဖြစ်လိမ့်မည် အကြောင်းက အူကျူးပေါက်နဲ့ချစ်သူဖြစ်တဲ့ပထမဆုံးနေ့လေ......မနက်ခင်းမှာ အချစ်ဆုံးမျက်နှာလေးမြင်ရတဲ့ ခံစားချက်ထက် ဘယ်ဟာကပိုပြီး ကြည်နူးဖို့ကောင်းမှာလဲ.....

jkအတွေးတွေများနေတာနဲ့ ရင်ခွင်ထဲကပိုးတုံးလုံးလေးက လှုပ်စိလှုပ်စိနဲ့ အိပ်ယာနိုးလာပြီထင်ပါရဲ့...

jin "အင်..."

jk"နိုးပီလား ကိုယ့်ကလေးလေး"

jin "အင်း နိုးပီး"

jk "ဟောဗျာ...နိုးပီလဲဆိုသေးတယ် မျက်လုံးကလဲမပွင့်ဘူး"

jkပြောမှ မျက်စိသေးသေးလေးပွင့်လာသော အိပ်ပုတ်

jin "အင် နိုးပီ"

jk "ထတော့ ကျောင်းသွားရမယ်"

jin "အင်း.."

အင်းဆိုပြီး ပြန်အိပ်သွားတဲ့ ပေါက်စ

jk "ဟော..ပြန်မအိပ်နဲ့လေ "

jin "မအိပ်....ပါဘူး.."

jk "ထတော့ ကိုယ့်ရဲ့ အူကျူး ပူတူး အသဲတုံး နှလုံးသား ကမ္ဘာလေး အချစ်ရဆုံးလေး ချစ်မဝလေး "

jk ရဲ့ နာမ်စားတွေကြားပြီး အိပ်ချင်နေတဲ့jinတောင် မျက်လုံးတွေပြူးကျယ်သွားသည်

My Angry bird🍒 (complete) Where stories live. Discover now