5

445 60 3
                                    

နေရောင်စူးစူးကြောင့် ချန်းယောလ်နိုးသွားသည်ချန်းယောလ် အပျင်းကြောဆွဲမလို့ လက်ဆန့်လိုက်တော့ လက်တစ်ဖက်လှုပ်လို့မရ​တာကြောင့်ကြည့်လိုက်တော့ သည်းငယ်ဖြစ်နေသည် ။ သည်းငယ်က သူနေမကောင်းတော့ ပျာယာခတ်ပြီး သူကိုပြုစုပေးတာကြောင့် ချန်းယောလ်မှာ သေလောက်အောင် ပျော်ရွှင်ရသည် ။ သည်းငယ်က သူကို မချစ်ရင်တောင် သံယောဇဉ်တော့ရှိသည် ။ ဘာလို့ဘဲဖြစ်ဖြစ် သည်းငယ် သူကို ချစ်လာအောင် ကြိုးစားရမည် ။ ချန်းယောလ် သည်းငယ်ရဲ့ ပါးဖောင်းဖောင်းလေးကို နစ်ဝင်အောင်နမ်းခြိုက်လိုက်သည် ။












ပတ်ချန်းယောလ်ဆိုတဲ့ဒီကောင်ကြီးက ဒိုဂျောင်ဆူးဆိုတဲ့ ဒီကောင်လေးနဲ့မှမဟုတ်ရင် ဘယ်သူနဲ့မှ မပေါင်းဖက်ချင်ဘူး သည်းငယ်











ဂယောင်ဆူး နိုးလာတော့ ဘေးကလူကိုကြည့်လိုက်တော့ မရှိတော့ဘူး ။ အခန်းထဲပတ်​ကြည့်​တော့လဲ မ​တွေ့ဘူး ။ နေမကောင်းတာကို ဘယ်သွားတာလဲမသိဘူး ။ သူဘာသာ ဘယ်သွားသွား ငါနဲ့မှမဆိုင်တာကို ဒိုဂျောင်ဆူး မင်းက ဘာလို့စိတ်ပူနေရတာလည်း ကျစ်...













"သည်းငယ် နိုးပြီးလား "











"ခင်ဗျာကြီး ဘယ်သွားနေတာလဲ "










"သည်းငယ်က ဦးကိုစိတ်ပူနေတာလား "









"ဘယ်...ဘယ်သူက စိတ်ပူနေလို့လဲ ခင်ဗျာဘာသာ ခင်ဗျာဘာဖြစ်ဖြစ် ကျနော်ကိစ္စမှမဟုတ်တာ ကျနော်နဲ့လည်း ဘာမှမဆိုင်ဘူး "











ချန်းယောလ် သည်းငယ်အနားကိုတိုးကပ်သွားတော့ သည်းငယ်က အနောက်ဆုတ်သွားသည် ။ ချန်းယောလ် အရှေ့တစ်လှမ်းတိုးရင် သည်းငယ်က တစ်လှမ်းနောက်ဆုတ်သွားသည် ။ နောက်ဆုံးတော့  သူ့နဲ့နံရံကြားမှာ သည်းငယ်က ပိတ်မိသွားသည် ။












"ဖယ်...ဖယ်ပေး ခင်ဗျာကြီး...အွတ်...အွတ် "











"ခင်ဗျာကြီးလို့ခေါ်ရင် သည်းငယ်ကို ဦး အပြစ် ပေးမယ်လို့ သတိပေးပြီးပြီးနော် သည်းငယ်"











Love Is Pain (Completed) Where stories live. Discover now