12

305 53 11
                                    

"ချန်းယောလ် မင်းမျက်နှာက ပြုံးဖြီးနေတာပဲ ။မသိရင် မင်းမင်္ဂလာဆောင်လို့ထင်နေကြအုံးမယ် "



"မင်း မသိပါဘူး ဆယ်ဟွန်းရာ။ငယ်ကလေး ငါ့ကိုသဝန်တိုနေတာကွ ။ ငယ်က ငါ့ကိုသဝန်တိုတက်မယ်လို့ မထင်ထားဘူး"





"ဂျောင်ဆူးက မင်းကိုချစ်ပါတယ် ။ သူက မင်းကိုထုတ်မပြယုံပဲ။အာ..ဒီညတော့ မင်း မမူးရင် မပြန်ရဘူး "






"မရဘူးကွ ။ငယ်ရှိသေးတယ် ငါမူးနေရင်..."






"စိတ်မပူပါနဲ့ကွာ။မင်းကောင်လေး ဘေးမှငါ့အမျိုးသားလေးရှိပါတယ်။မင်းကိုလာခေါ်တာ။ဟိုမှာ ဧည့်သည်တွေစောင့်နေကြတယ်။ လာသွားရအောင်"





ဆယ်ဟွန်းဆွဲခေါ်တဲ့နောက်ကို ချန်းယောလ်ယက်ကန်ယက်ကန်နဲ့ပါသွားသည်။ ငယ်ကိုကြည့်လိုက်တော့ ဆယ်ဟွန်းကောင်လေးနဲ့စကားပြောနေကြသည်။ ချန်းယောလ် ငယ်တို့ထိုင်နေတဲ့ ဝိုင်းကိုမြင်ရတဲ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ငယ်ကတော့ ဘာတွေသဘောကျနေလည်းမသိဘူး။ မျက်လုံးလေးမှိတ်ကြသွားတဲ့အထိပြုံးရယ်နေသည်။ ချန်းယောလ်လည်း ငယ်ကိုကြည့်ပြီး အလိုလိုပြုံးရယ်လိုက်မိသည် ။ ငယ်ရဲ့အသေးအမွှားကအစ သူ့အတွက်အဖိုးတန်လိုသည်။ ဒီအတိုင်းလေး ငေးကြည့်ယုံနဲ့တင်ကျေနပ်ရသည်။









"ချန်းယောလ် အဲ့လောက်ထိကြည့်မနေနဲ့ မင်းကလေးကထွက်မပြေးဘူး"






"မဟုတ်ပါဘူးကွာ။ငယ် တစ်ယောက်ထဲဖြစ်နေမှာဆိုလို့"






"စိတ်မပူပါနဲ့ ငါ့ဟျွန်းနီးကိုပြောထားပြီထား။မင်းကောင်လေးကိုအဖော်လုပ်ပေးဖို့။စိတ်မပူနေနဲ့ သောက်စရာရှိတာသောက် ။ ဒီညမမူးရင် မပြန်ရဘူး"






ချန်းယောလ်လည်း ငြင်းလို့မရတာကြောင့်သောက်လိုက်ရသည်။ချန်းယောလ် သောက်နေပေးမဲ့ သူမျက်လုံးတွေကတော့ ငယ်ရှိမှာပဲရှိနေသည်။ အကုန်လုံးက စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်တာကြောင့် စီးပွားရေးကြောင်းပြောရင်ဆယ်ဟွန်းကို ဂုဏ်ပြုရင်နဲ့ တစ်ဖြေးဖြေးသောက်တာများလာကြသည်။








Love Is Pain (Completed) Where stories live. Discover now