11

332 58 24
                                    

"ဦး "






"သည်းငယ် "







ဂျောင်ဆူး ထိုင်ခုံမှာပတ်ချန်းယောလ်ကိုထိုင်စောင့်နေရင် ဟိုကြည့်ဒီကြည်နဲ့ လိုက်ဧည့်ခံနေတဲ့ ဦးဆယ်ဟွန်းတို့အတွဲကိုကြည့်ပြီး ဝမ်းနည်းမိသွားသည် ။ သူတုန်းကကော ဦးဆယ်ဟွန်းတို့လိုပျော်ရွှင်ခဲ့ရရဲ့လား ။ အဲ့တုန်းကတော့ သူဆန္ဒမပါပဲ လက်ထပ်ခဲ့တာကြောင့် သူ့မိဘတွေနဲ့ ပတ်ချန်းယောလ်ကို အကြီးအကျယ်စိတ်ဆိုးခဲ့ဖူးသည် ။ မင်္ဂလာဆောင်တဲ့နေမှာလည်း သူ့မိဘတွေနဲ့ ပတ်ချန်းယောလ်ကို မျက်နှာပျက်အောင်အမျိုးမျိုးလုပ်ခဲ့သည် ။ သူ့မိဘတွေကတော့ သူ့ကိုစိတ်ဆိုးသွားပေးမဲ့ ပတ်ချန်းယောလ်ကတော့ သူ့ကို စိတ်မဆိုးခဲ့ဘူး ။ ဦးဆယ်ဟွန်းနဲ့သူအမျိုးသားကတော့ မြင်သူတိုင်းကြည်နူးဖို့ကောင်းသည် ချစ်စရာ​ကောင်းသည် ဟု လာရောက်သူတိုင်း တဖွဖွပြောနေကြသည်..အင်း တကယ်လည်းကြည်နူးစရာကောင်း ပြီ ချစ်စရာကောင်းနေသည်ကို ။ သူ့တုန်းကတော့ စိတ်ပျက်စရာကောင်းခဲ့မှာပေါ့ ။







ဂျောင်ဆူးလည်း ဘာမှမတွေးတော့ပဲ ပတ်ခ်ချန်းယောလ်အနောက်ကိုလိုက်သွားလိုက်သည် ။ ဂျောင်ဆူး ပတ်ခ်ချန်းယောလ်ကိုလိုက်ရှာ​ကြည့်​လိုက်တော့ ပတ်ခ်ချန်းယောလ်နဲ့မိန်းမတစ်ယောက်စကားပြောနေ​ကြသည် ။ ဂျောင်ဆူးလည်း ပတ်ခ်ချန်းယောလ်အနားကိုသွားလိုက်ပြီး ပတ်ခ်ချန်းယောလ်ကို "ဦး " လို့ခေါ်လိုက်မိသည် ။ ပတ်ခ်ချန်းယောလ်ကတော့ သူကိုမြင်တော့ အံ့သြသွားပြီ ဟိုမိန်းမကတော့ သူကိုခြေဆုံးခေါင်းဆုံးကြည့်နေသည် ။









"ဒီက ကလေးက ပတ်ခ်ချန်းယောလ်ရဲ့တူလေးလား ဦးလေးနဲ့တူတယ်နော် အဟိ.. "








"ဒီက အဒေါ်ကြီးက ဦးနဲ့သိနေတာလား"







နာအွန်း သူကိုအဒါ်ကြီးလို့ခေါ်လိုက်တာကြောင့် မျက်နှာပျက်သွားပေးမဲ့ ချက်ချင်းပဲပြုံးလိုက်သည် ။









"အာ..ဟုတ်တယ် ကလေးရဲ့"









ဂျောင်ဆူး သူဘေးက သူကိုပြုံးတုံးတုံးနဲ့ကြည့်နေတဲ့ ပတ်ခ်ချန်းယောလ်ကို မျက်စောင်းထိုးကာ အရှေ့က အဖွားအိုမကြီးကိုကြည့်လိုက်ပြီ...









Love Is Pain (Completed) Where stories live. Discover now