14

320 49 11
                                    

အင်းႊ~~~ အသံရှည်ဆွဲကာ ဂျောင်ဆူးနိုးလာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်မြင်လိုက်ရတာက မြင်နေကြ သူအခန်းထဲဖြစ်​နေသည်။ ဂျောင်ဆူး ဇက်ခနဲထလိုက်တာကြောင့် ခေါင်းကမူး​နောက်သွားသည်။ ဘယ်လိုလုပ်ပြီး သူ့အခန်းထဲကို၊ သူမှတ်မိတာကတော့ ၊ ကျောင်းကိုကားနဲ့မသွားချင်တာကြောင့် လမ်းလျှောက်​ပြီးသွားခဲ့သည်။ သူသွားတဲ့အချိန်က စော​သေးတာကြောင့် ကျောင်းမှာလူမရှိသေး၊ နောက်ပြီး..သူ့အနောက်ကနေ အရိုက်ခံလိုက်ရပြီ ဘာမှမမှတ်တော့ဘူး....




"သည်းငယ် သတိရလာပြီလား၊ ဘယ်နားနာနေသေးလဲ"






"ကျွန်တော် ဘယ်လိုလုပ်ပြီး အိပ်ပြန်ရောက်နေတာလည်း၊ကျွန်တော် မှတ်မိတာက အနောက်ကနေအရိုက်ခံလိုက်ရပြီး ကျန်တာမမှတ်မိတော့ဘူး..."





ဂယောင်ဆူးတွေးနေတုန်း အခန်းထဲကိုချန်းယောလ် ဝင်လာတာကြောင့်၊ သူသိချင်တဲ့ အဖြေကိုမေးလိုက်သည်။





"အိမ်ခြေယာမဲ့ လူတစ်ယောက်ပါ၊ သူက သည်းငယ်ရှိက ပိုက်ဆံလိုချင်တာ​ကြောင့် ၊ သည်းငယ်ကိုမေ့သွားအောင်ရိုက်လိုက်တာ ၊ တော်သေးတာပေါ့ ဖြတ်သွားဖြတ်လာ လူတွေတွေ့လို့ သည်းငယ် ဘာမှမဖြစ်သွားတာ"





"ဦး ဘယ်လောက်​တောင်စိုးရိမ်သွားလဲဆိုတာ သည်းငယ်သိလား ၊ သည်းငယ်တစ်ခုခုဖြစ်ရင် ဦးရင်ကျိုးမှာ သည်းငယ်"




"သည်းငယ် ဦးနဲ့မသွားချင်ဘူးဆိုရင်တောင် ၊ အိမ်က ကားDriverနဲ့ဘယ်ဖြစ်ဖြစ် ၊ ဂျောင်ဝူနဲ့ဖြစ်ဖြစ်သွားပါ၊နောက်တစ်ခါ တစ်ယောက်ထဲမသွားပါနဲ့ သည်းငယ် "






"တောင်းပန်ပါတယ် ၊ ကျွန်တော် နောက်တစ်ခါကြရင် တစ်ယောက်ထဲမသွားတော့ပါဘူး "





သူ့စကားကို နားထောင်တဲ့ ကောင်လေးကြောင့် ချန်းယောလ်ပြုံးလိုက်မိသည် ။ သည်းငယ်က လိမ်မာရဲ့သာနဲ့ ဆိုးချင်ယောင်ဆောင်နေသည်။






"ပြွတ်"




ချန်းယောလ် သည်းငယ် အသဲပုံနှုတ်ခမ်းလေးကို နမ်းလိုက်တော့ ၊ သည်းငယ်ကို သူကိုပြူးကြောင်​ကြောင်ကြည့်နေသည် ။ သည်းငယ်နှုတ်ခမ်းလေးက အိစက်ပြီးနူးညံ့နေတာကြောင့်ထပ်ပြီးနမ်းချင်သေးပေးမဲ့ ၊ သူ့မှာရှင်းစရာအမှိုက်ရှိနေသေးသည် ။





Love Is Pain (Completed) Where stories live. Discover now