Unicode
ကျောင်းခရီးသွားဖို့ဆရာတွေက စီစဉ်နေကြသည်။ တစ်ပတ်အတွင်း သွားမယ့်ခရီးမှာ နေ့မယ့်အခန်းတွေကို အခန်းတစ်ခန်းဆီရဲ့ခေါင်းဆောင်တွေက နာမည်စာရင်းနဲ့အတူ ဆရာတွေကိုသွားပေးရ၏။ ကြိုတင်ပြောထားပြီး ဖြစ်တဲ့ အခန်းကတော့ တစ်ခန်းကို နှစ်ယောက်ပဲနေမှာဖြစ်ပြီး မဟာမြတ်သွင်နဲ့စက်သွေးသစ်ပါပဲ။ ဒါက မဟာမြတ်သွင်က အတင်းဂျီကျပြီး စက်သွေးသစ်ကို ပူဆာထားတာကြောင့်ဖြစ်သည်။
ကျောင်းခရီးက အပျော်နှင့်လေ့လာရေးခရီးဖြစ်ပြီး အင်းလေးကိုရွေးချယ်ထားတာဖြစ်သည်။ တည်းမည့်ဟိုတယ်၊ စားမယ့် စားစရိတ်တွေကို မဟာဂရုက စီစဉ်ပေးလိုက်ပြီဖြစ်ပြီး ဆရာတွေကလွဲရင် ဘယ်သူမှမသိ။ မဟာမြတ်သွင်ကတော့ မသွားခင်တစ်ရက်အလိုထဲက စက်သွေးသစ်ကို သွားခေါ်ကာ shopping ထွက်နေ၏။ ဂျင်းဘောင်းဘီ ဆင်တူဝယ်တယ်၊ Hoodies ၊ sneaker ဆင်တူဝယ်တယ်၊ အားလုံးကို သူပဲရှင်းသွားတယ်။
“မင်းသမီးလေး ကိုယ်တစ်ခုခုဝယ်ပေးမှဖြစ်မယ်လေ၊ အခုဘာထပ်လိုလဲ မင်းဝယ်မပေးတော့နဲ့”
“ကိုယ်ဝယ်ပေးချင်လို့လေ”
“မင်းဟာက မဟုတ်သေးပါဘူး”
“ဟုတ်တယ်ထားလိုက်တော့၊ စားဖို့တစ်ခုခုဝယ်အုန်းမလား”
“တော်ပြီ မဝယ်တော့နဲ့ စားတာက ဘာဖြစ်ဖြစ်စားလို့ရတယ်”
ကုန်တိုက်ထဲတွေ့သမျှတွေပတ်ဝယ်နေလို့ မဝယ်နဲ့တားယူရတော့သည်။ ဝယ်ပြီးတော့လဲ သူပဲရှင်းပြီး ကိုယ့်အရှင်းမခံ။ အခုတော့ အထုတ်တွေကိုယ်စီနဲ့ကုန်တိုက်ကနေ ပြန်ထွက်လာပြီး ရှေ့တည့်တည့်မှာ ရပ်စောင့်နေတဲ့ ကားပေါ်တက်လိုက်ရ၏။ ဒါတောင်အထဲကိုဝင်တော့ လိုက်ပြီးအထုတ်တွေဆွဲဖို့လိုက်မယ် လုပ်နေတာ အတင်းထားခဲ့မှ ကိုယ်ရံတော်ဆိုသူတွေက ကျန်ခဲ့တာဖြစ်သည်။ အထုတ်တွေကိုသူပဲယူထားမယ်ဟု ဆိုကာ သူ့အိမ်ကိုအရင်လိုက်ပြန်ရသည်။
“အိမ်မှာ ထမင်းစားသွားပါဆိုကွာ”
“မစားတော့ဘူး ပါးပါးတို့စောင့်နေမှာ၊ ကျောင်းပိတ်ရက်ဆို အိမ်မှာ တစ်အိမ်သားလုံး ထမင်းလက်စုံစားကြတာ”
YOU ARE READING
Where My Mate (Complete) Uni & Zawgyi