Part 15

17.7K 1.1K 11
                                    

Unicode

နိုးလာတဲ့ မဟာမြတ်သွင်ကတော့ အရမ်းကိုလန့်သွားပြီး စိုးရိမ်ပူပန်မှုတွေကအတောမသတ်တော့။ သူ့ရဲ့ကလေးလေးက သူ့ရဲ့ရင်ခွင်ထဲမှာ အသက်မျှင်းမျှင်းလေးပဲရှူနေတာမလား။ ပြီးတော့ တစ်ကိုယ်လုံးမှာ သူ့လက်ရာတွေကြီးပဲ။ ဂုတ်မှာပေးထားတဲ့အမှတ်အသားကဖြစ်တည်လာတဲ့ သွေးစတွေကခြောက်နေပြီး ပုခုံးမှာ ဟိုတစ်စဒီတစ်စ။ လည်တိုင်တွေညှပ်ရိုးတွေမှာ သူကိုက်စုပ်ထားတဲ့ အရာတွေကနီညိုရောင်တွေအကွက်လိုက်။ ခါးတွေ ပေါင်တွေ လက်တွေမှာ သူ့ရဲ့လက်ရာတွေက ထင်းနေသည်။ လက်ရာတွေအခုထိ ကျန်နေသေးတယ်ဆိုထဲက သူဘယ်လောက်အားနဲ့ဆုပ်ကိုင်ထားလဲ သူအသိ။ ဖြူဥနေတဲ့အသားအရည်မှာ နေရာမလပ် စုပ်ထားတဲ့အရာတွေ လက်ရာတွေက အပြည့်။

ကလေးလေးက သူ့ကိုစိတ်ဆိုးသွားပြီလား။ နိုးလာရင် မခေါ်မပြောပဲရှောင်ပြေးတော့မှာလား။ သူမသိဘူး သူဘာမှမစဉ်းစားနိုင်ဘူး။ သူ rut ဝင်ချိန် ကလေးလေးရဲ့ Pheromones တွေနဲ့အသံက သူ့ကိုဆာလောင်စေတယ်။ ဒါ့ကြောင့်ပဲ ဒီလိုဖြစ်သွားတာလေ။ သူမျက်ရည်တွေကျကာ ပါးပါးကိုဖုန်းဆက်ဖို့လုပ်ရတော့သည်။

“ပါးပါး”

…….

“ပါးပါး အခုလိုက်လာခဲ့”

……….

“ဒီနေ့ချက်ချင်းရောက်အောင်မောင်းခိုင်းပါးပါး သွေးပါးပါးတို့ပါခေါ်ခဲ့နော် ကျွန်တော် ကျွန်တော်က သွေးကို…”

ဦးမင်းသွင်မှာ သူ့အမျိုးသားကို သူ့အစ်ကိုနဲ့တွေ့ဖို့အဝတ်အစားစီစဉ်ပေးနေတာကို သားငယ်မှဖုန်းဆက်လာတာကြောင့် သူဘာဖြစ်လဲဆိုတာသိလိုက်၏။ သူချက်ချင်း ဟန်သွေးကိုဆက်သွယ်ကာ ဟိုကိုလိုက်ဖို့လုပ်လိုက်ရသည်။ သားဖေဖေလဲ သူ့လေးလေးနဲ့တွေ့ပြီးချက်ချင်းလိုက်လာမှာဖြစ်၏။ သူ့လေးလေးနဲ့မတွေ့လို့လဲမဖြစ် သားကိစ္စဆွေးနွေးမှာကြောင့်ဖြစ်သည်။ ဟန်သွေးတို့ကလဲ ချက်ချင်း Private jet အမြန်စီစဉ်ကာ လိုက်သွားဖို့လုပ်တော့သည်။

မဟာမြတ်သွင်ကတော့ သူ့ကလေးလေးကို သန့်ရှင်းရေးလုပ်ပေးရင်း ခပ်ပွပွအဝတ်တွေဝတ်ပေးထားရ၏။ ကလေးလေးက အခုထိမနိုးသေး။ ကလေးလေးက သူ့ရဲ့မိတ်ဖြစ်သွားတဲ့အတွက် သူ့ရဲ့ Pheormones တွေထုတ်ကာဝန်းရံပေးထားပြီး သက်သာအောင်ကုပေးနေသလို။ သူအရမ်းရူးမိုက်သွားတာ။ Rut ဝင်နေတာကို ထိန်းမရဖြစ်နေတာကို သူအရင်ရေချိုးခန်းထဲဝင်ပြီး အခန်းပိတ်နေသင့်တာ။ ကလေးလေးက သူ့ရင်ခွင်ထဲမျာရှိနေပြီး မနိုးသေးပေမယ့် သက်တောင့်သက်သာရှိလာတဲ့ပုံပါပဲ။ တစ်ခုပဲ နေ့လည်ရောက်နေပြီး နိုးမလာသေးတာလေး တစ်ခုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ကလေးလေးက သူ့ရဲ့မိတ် သူအမှတ်အသားပေးပြီးတဲ့သူရဲ့မိတ်။ ကလေးလေးစိတ်ဆိုးလို့ သူ့ကိုရိုက်ပုတ်မလား သူခံမယ် သူ့ကိုစကားမပြောဘူးလား သူခံမယ်။ ဒါပေမယ့် ကလေးလေးသူ့မျက်စိအောက်ကပျောက်သွားလို့မဖြစ်ဘူး။ ဒါကိုသူမခံစားနိုင်ဘူး။ ကလေးလေးကကလေးလေးကိုပြန်ခေါ်သွားမှာ သူမလိုချင်ဘူး။ သူ့ဆီမှာပဲထားမှာ ဘယ်သူ့လက်ထဲကိုမှထည့်မပေးနိုင်ဘူး။ သူတစ်စိမ့်စိမ့်ကြည့်နေတုန်း အိမ်ရှေ့ကလူသံတွေကြားရတော့သည်။ သူလှည့်ကြည့်တော့ ပါးပါးနဲ့ သွေးပါးပါး လိုက်လာတာဖြစ်ပြီး သွေးကိုကြီးပါပါ၏။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now