Unicode
တကယ်ပါ ဒီတစ်ခါကိုယ်ဝန်ရှိတာက တိုင်းသိပြည်သိပင်။ ညတွင်းကြီးပါးပါးတို့ကိုဖုန်းဆက်ကာ သားဖေဖေကသတင်းကောင်းပါးသေးတာ။ စက်သွေးမှာ သားကိုဖက်ထားရင်း သားဖေဖေတစ်အိမ်ပြီးတစ်အိမ်ဖုန်းပတ်ဆက်နေတာကိုပဲကြည့်နေလိုက်၏။ မအိပ်ခင်အထိကိုမျက်စိကိုနောက်နေတော့တာ။ ဖုန်းဆက်စရာလူမရှိတော့ဘူးဆိုမှ သူ့ဘေးကိုဝင်လှဲကာ သူ့ကိုရောသားကိုပါသိမ်းကြုံးဖက်၏။ သားကတော့နိုးမလာပါ။ 'သားတို့ပါးပါးလေး ကိုယ့်ရဲ့ကလေးလေး'ဟုပြောရင်း နမ်းနေတာလဲမရပ်။ အိပ်နေတဲ့သားကိုကြည့်ကာ လက်ညှိုးလေးနဲ့ပါးကိုတို့ထိ၍ 'သားအတွက် ညီလေးကို ဖေဖေနဲ့ပါးပါးက မွေးပေးအုန်းမှာ' ဟုပြောကာသားကိုလဲ တဖွဖွနမ်းသေးတာ။
မနက်ရောက်လို့ မနက်စာစားချိန်မှာတော့ တစ်ခါမှမရှက်ဖူးတဲ့စက်သွေးတစ်ယောက်ရှက်ရတော့သည်။ ဝန်ထမ်းတွေက ဂုဏ်ယူပါတယ်ဟုဆိုကာ အရိုအသေပေးသလို မနက်စာမှာလဲ အာဟာဖြစ်မယ့်အရာတွေပြင်ဆင်ထား၏။ သူမစားနိုင်ပေမယ့် ဒါကသားအကြိုက်ပင်။ 'ပါးပါး သားကိုဟိုဟာကျွေးပါအုန်း ဒီဟာကျွေးပါအုန်း' နှင့်ဟိုဟာတို့တိတို့တိ ဒီဟာတို့တိတို့တိစားတော့သည်။ သားဖေဖေက သားကိုချီကာ သားစားချင်သမျှအကုန်ကျွေးတော့တာ။ ဒီလိုကြီးကတကယ်အနေခက်ရ၏။ ကိုယ်ဝန်ရှိတာတိုးတိုးတိတ်တိတ်မနေဘူး။ တစ်ညလုံးဖုန်းပတ်ဆက်နေတော့လေးလေးကတစ်ဆင့်အကုန်သိကုန်တော့မှာပေါ့။ ပြောလို့မှမအုပ်သေးဘူး နိုင်ငံပိုင်ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်တော့၏။
"နိုင်ငံ့တာဝန်ထမ်းဆောင်နေသော နိုင်ငံအကြီးအကဲ၏ မိတ်ကိုယ်ဝန်လွယ်ထား" ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့ သားဖေဖေကို ခန့်အပ်တဲ့အခမ်းအနားကပုံနဲ့ သူကိုယ်ဝန်ရှိကြောင်းကို ဖွင့်ထုတ်ချပြနေတော့သည်။ အိမ်ဖြူတော်ကိုဝင်ရာက်လာတဲ့ ဆရာဝန်တွေကလဲ အများကြီး။ ကလေးအတွက်၊ လူကြီးအတွက် ဘယ်အတွက်နဲ့အထူကုပါရဂူတွေပါ။ နောက်ဆုံးသူ့မှာတားယူလိုက်တော့သည်။ ဘာမှမဖြစ်ဘူး သားဖေဖေရှိရင်အဆင်ပြေတယ်ဟု၍။ အဲ့လိုပြောတော့လဲ အားလုံးကပြုံးစိစိနှင့်။ သားကိုတော့ ညကျမှအေးဆေးပြောပြဖို့လုပ်ရအုန်းမည်။ အခုတော့ သားရောသူရော ကျောင်းသွားရတော့မှာဖြစ်၏။
YOU ARE READING
Where My Mate (Complete) Uni & Zawgyi