EXTRA

25K 1.1K 35
                                    

Unicode

အပန်းဖြေခရီးထွက်မယ်ဟုဆိုကာ ပင်လယ်ဘက်ကိုလာခဲ့ကြတာ။ အဲ့ဒိမှာမှ ကျွန်းကိုသွားကာအပမ်းဖြေနေကြတဲ့ ရုပ်ဆင်တူတွေရှိတဲ့လူလေးယောက်။ ကိုယ်ရံတော်တွေက ကျွန်းလေးရဲ့တစ်ဖက်အခြမ်းမှာရှိ၏။ သူတို့အကြီးအကဲရဲ့မိသားစုခရီးမှာ အနှောင့်အယှက်မရှိအောင် စောင့်ရှောက်ရသည်။ သဲပေါ်မှာ သဘတ်ကြီးခင်းကာ နေပူခံနေတဲ့ ဖေဖေနဲ့ပါးပါးပေါ်မှာ သူတို့ရဲ့ဘုစုခရုလေးတွေက အားယားလေးတွေမှောက်ကာနေနေလေရဲ့။ သားနှစ်ယောက်ရဲ့ကျောပြင်ကို သဘတ်အပိုင်းလေးတွေတင်ထားပေးသေးတာ။ သားကြီးက ၆နှစ်ရှိပြီ သားငယ်က ၂ နှစ်ရှိနေပြီဖြစ်သည်။ ဖေဖေနဲ့ပါးပါးက ပက်လက်လှန်ကာနေတော့ သားနှစ်ယောက်ကဝေစုခွဲကာ အကြီးဖေဖေ့ပေါ်တက်၊ အငယ်ကပါးပါးပေါ်တက်ကာနေနေတာဖြစ်သည်။ သူတို့အကုန်လုံးအပေါ်ပိုင်းအဝတ်မရှိကြ။

"တိုတို ပြီးရင်အချစ်ထ‌ယေးကို ထရု တောက်ပေးအုန်းနော်"

"ကောက်ပေးမယ် အချစ်ကလေးနဲ့ပြီးရင်အတူတူကောက်မယ်နော်"

"ရက်ခ်ျ"

သူ့အပေါ်အားယားလာမှောက်ကာ သူ့ကိုကိုခရုကောက်ခိုင်းနေတဲ့သားငယ်ကိုကြည့်ကာ စက်သွေပြုံးလိုက်၏။ စကားလဲမပြီးသေး ရက်စ်ကိုလဲ ရက်ခ်ျတဲ့။ အင်္ဂလိပ်လိုလဲအရမ်းပြောချင်တာ သားငယ်က။ သားကြီးကလဲ သူ့ညီ‌ကို ညီညီလေးလို့တောင်မခေါ်၊ အချစ်ကလေးလို့ခေါ်တာဖြစ်သည်။ အဲ့တော့ အငယ်ကလဲ သူ့ကိုယ်သူအချစ်ကလေးတဲ့လေ။

"ဘယ်သူက ဘယ်သူ့ရဲ့အချစ်ကလေးလဲ"

"တားက တိုတို့ရဲ့ အချစ်ထယေးရေ ပါးပါးကယဲ"

"မင်တို့ပဲ ချစ်နေလိုက်ကြ"

မဟာမြတ်သွင် ကလေးလေးနဲ့သားငယ်ကိုကြည့်လိုက်၏။ သားငယ်က ကလေးလေးပေါ်မှာ ဝမ်းလျားမှောက်ထားရင်း သူ့ပါးပါးမေးတာကိုဖြေနေ၏။

"ဖေဖေ"

"ခင်ဗျာ"

"ဖေဖေ့ရဲ့ဒီလိုမျိုးတွေ သားကဘယ်တော့မှရမှာလဲ"

သားက သူ့ဖေဖေဗိုက်ပေါ်မှောက်ပြီး သူ့ဖေဖေရင်အုံတွေဗိုက်တွေကကြွက်သားတွေကိုတို့ထိကာ မေးနေတာ။ သားက သူ့ဖေဖေလိုကြွက်သားတွေထွက်ချင်နေတာ။ သူ့အပေါ်ကသားငယ်ကလဲ သူ့ဖေဖေနဲ့သူ့ကိုကိုစကားပြောတာကိုစိတ်ဝင်တစားနားထောင်နေ၏။ သားတို့ဖေဖေကသားကြီးကိုကြည့်ကာရယ်လိုက်ပြီး

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now