Part-1(or) Intro

2.3K 78 1
                                    


အလွမ်းဒဏ္ဍာရီ

EP(1)

"Hk....ဒီလောက်တောင် လင်ဆာနေတဲ့ကောင် ဦးကြီးရှောင်းလို့ ခေါ်ပြမယ် ကြည့်နေ"

ရိပေါ်တစ်ယောက် စားပွဲခုံအား လက်သီးဖြင့် ထိုးကာ ပေါက်ကွဲနေပါသည်

ဟောက်ရွမ်း။ ။"အဖေကလည်း ဒီအရွယ်ရောက်မှ အိမ်ထောင်ထပ်ပြုချင်နေသေးတယ် မိန်းမထပ်ယူတယ်ဆိုလည်း တော်သေးတယ် ခုဟာက ယောက်ျားချင်းကြီးကွာ ဟူး အဆင်ပြေမနေဘူး"

ရိပေါ်။ ။"အစ်ကို အဖေခေါ်လာတဲ့ကောင်က ညီတို့ထက်ကြီးလား"

ဟောက်ရွမ်း။ ။"ဘယ်ကလာ မင်းထက်နည်းနည်းပဲ ကြီးမယ် ငွေနဲ့ပေါက်ပြီး ခေါ်လာတာ နေမှာပေါ့ မပြောချင်ဘူး"

ရိပေါ်။ ။"အဲ့ကောင်နဲ့ တွေ့တော့ကြည့်ချင်သား ဘယ်လိုပုံစံရှိမလဲလို့"

ဝမ်ရိပေါ် မဲ့ပြုံးလေး ပြုံးလိုက်သည်

ဟောက်ရွမ်းနဲ့ ရိပေါ်က၈နှစ် ကွာတဲ့ ညီအစ်ကိုအရင်းတွေ ဝမ်မားဆုံးပြီး သိပ်မကြာသေးခင်မှာပဲ ဝမ်ပါးက ကောင်လေး တစ်ယောက်ကို အိမ်ပေါ် ခေါ်တင်လာခဲ့သည်

ဘာတဲ့ ပါးက အဲ့ကောင်လေးကို ယူမို့တဲ့လား နာမည်က ရှောင်းကျန့်တဲ့ Hk...ကြည့်ထားပါ ရှောင်းကျန့်မကလို့ ဘာကြီးပဲ ဖြစ်နေပါစေ ငါတို့ဝမ်အိမ်ကနေ အပြီးအပိုင် ထွက်သွားစေရမယ်

"ဪ ခင်ဗျားက ဦး‌ကြီးရှောင်းကို ဒါနဲ့ ကျုပ်ပါးကို ဘယ်နေရာကြည့်ကြိုက်ခဲ့တာလဲ ဟမ်

ဪ ခင်ဗျားက အခြောက်လား ယောကျာ်းချင်းကြီး ယူတာ မရှက်ဘူးလား"

Xz pov::မင်းပြောတဲ့ စကား မင်းမှတ်ထား ဝမ်ရိပေါ် ယောကျာ်းချင်းယူတယ်လို့ သုံးနှုန်းရအောင် မင်းပါးနဲ့ငါက လက်မထပ်ရသေးဘူး

မင်းပါးက ငါ့ကို အတင်းအိမ်ပေါ် ခေါ်တင်လို့သာ လိုက်လာရတာ မင်းဘာသိလဲ ဟက်::

"ဟေးးး ဘာတွေ တွေးနေတာတုန်းဗျ ဦးကြီးရ ဒါဆို ကျွန်တော် ပြောတာမှန်နေတာပဲ ခင်ဗျားက အခြောက်ပေါ့နော် ဟားဟားဟား"

"ဒီမှာ မင်းပါးက ငါ့ကို အတင်းခေါ်လာတယ် ဆိုတာ မသိဘူးလား"

"ဟ ခင်ဗျား လက်ခံလို့ ပါးက အိမ်ပေါ်ခေါ်တင်လာတာပေါ့ ခင်ဗျား လက်မခံပဲ ဘယ်သူမှ ဒီအိမ်က ကြိုဆိုမနေဘူး"

ရှောင်းကျန့် ဒေါသထွက်နေသည်များကို ပြန်၍ လျှော့ချကာ

"ကျွန်တော်သိပါတယ် ပြီးတော့ ပြန်ခံပြောမိတာလည်း တောင်းပန်ပါတယ်"

"ခုမှ လာခြူမနေနဲ့ မင်းသိထားဖို့က မင်းနဲ့ပါးရဲ့ မဂ်လာပွဲကို ငါက ရအောင်ဖြတ်မှာ"

Xz pov::တကယ် ဖြတ်ရင် ကျေးဇူးတင်နေမှာပါ ကောင်လေးရယ်"

Yb pov::ခင်ဗျားကို မုန်းတယ် ခင်ဗျား ကျွန်တော်တို့အိမ်ကနေ စိတ်ဒဏ်ရာတွေ ရပြီး ထွက်သွားစေရမယ်

မဟုတ်ဘူး ဝိညာဉ်မပါတဲ့ ခန္ဓာကိုယ်နဲ့တောင် ထွက်သွားရင် ထွက်သွားရမှာ စောင့်ကြည့်နေ::

#ဝမ့်ရှန့်

အမြည်းလာကျွေးတာ🙃introသဘောမျိုး
အိမ်ထောင်ရေး ဇာတ်လမ်းလေး ရေးကြည့်ချင်ယို့ပါidolကို ထိခိုက်စေချင်မှာ တစ်ခုမှမပါဝူးနော်

အလွမ်းဒဏ္ဍာရီ (အလှမျးဒဏ်ဍာရီ ) [Complete]Where stories live. Discover now