Part-17

390 22 2
                                    


အလွမ်းဒဏ္ဍာရီ

EP-17 { Don't Copy ‼️}

Yb,"ဟင့်အင်း ဟင့်အင်း ကိုယ့်ကို မမုန်းလိုက်ပါနဲ့ ကိုယ်မင်းမုန်းသွားမှာ အရမ်းကြောက်တယ် ကျန့်ငယ်"

ရိပေါ်၏ စကားသံများကို နားမထောင်တော့ဘဲ ကျန့်ငယ်တစ်ယောက် အသိစိတ်လွတ်ကာ အရမ်းငိုကြွေးနေမိသည်

အထဲက တံခါးပွင့်မလာ၍ ရိပေါ်၏ စိုးရိမ်မှုနှင့် ကြောက်ရွံမှုတွေ ငယ်ထိပ်အထိ တိုးထွက်လာကာ နောက်မှ လိုက်လာကြသော ကြီးလှနှင့် အစ်ကိုဖြစ်သူအား အကူအညီတောင်းမိသည်

Yb"ကြီးကြီး အစ်ကို..တံခါးဖွင့်‌ပေးဖို့ ပြောပေးပါဦးဗျာ ကျွန်တော် နောက်မရှုပ်တော့ပါဘူး ကျွန်တော် သူ့ကို တောင်းပန်ဖို့ လိုတယ် သူ့ကိုသေချာရှင်းပြဖို့လိုတယ် ပြောပေးပါဦးဗျာ

ကြီးလှသက်ပြင်းချကာ ရှောင်းငယ်၏ တံခါးနားသွား၍

'ဒေါက် ဒေါက်'

"သားကျန့်ရေ သားကျန့်လေး ကြီးလှလေကွယ် စကားပြောစရာလေးရှိလို့ တံခါးဖွင့်ပေးပါလား"

အထဲမှ တစ်ခုမျှ တုံ့ပြန်မလာ..ဝမ်ဟောက်ရွမ်းကလည်း..

"ကျန့်ကျန့် အစ်ကိုတို့ စကားနည်းနည်း ပြောရအောင် တံခါးဖွင့်ပေးဦး  စိတ်မဆိုးဘူးလေနော် အစ်ကိုလေ အစ်ကို့ညီအစား တောင်းပန်တယ် သိလား.."

ဟောက်ရွမ်းက ဘယ်လိုပင်ချော့ချော့ပြောပြော အထဲမှ အသံထွက်ကို မလာပင်...ရိပေါ် စိတ်မရှည်ဘဲ

Yb,"ကျန့်ငယ် ကျန့်ငယ် မင်းတံခါးမဖွင့်ပေးရင် ကိုယ်တံခါးဖျက်ပြီး ဝင်လာမှာနော်"

ဟောက်ရွမ်း။ ။"ညီအိမ်တံခါးသော့တွေ အပိုရှိတယ်မလား ဟွိုင်စန်းကို သွားယူခိုင်းလိုက်ပါလား"

Yb,"ဟု...ဟုတ်သားပဲ အစ်ကို..ကျေးဇူးပဲ"

ရိပေါ်မျက်ရည်များ စီးကျလျက် အောက်ထပ်သို့ ချက်ချင်းပြေးဆင်းသွားကာ..

Yb"ဟွိုင်စန်း!..ဟွိုင်စန်း!..💥ဟျောင့် ပုကျိသောက်💥"

"ဗျာ! အစ်ကိုလေး"

ရိပေါ်တစ်ချက် ပိတ်အော်ခေါ်လိုက်မှ နောက်ဖေး မီးဖိုချောင်မှ ထွက်လာသည်

အလွမ်းဒဏ္ဍာရီ (အလှမျးဒဏ်ဍာရီ ) [Complete]Where stories live. Discover now