EXtra

406 17 7
                                    


အလွမ်းဒဏ္ဍာရီ

Extra {Please don't copy ‼️}

"အစ်ကို... အစ်ကို ညီညီတို့ကို ခွဲခွာသွားတာ.. နှစ်၂၀ရှိနေပြီနော်.. ညီညီလေ ဒီနှစ်၂၀အတွင်းမှာ အစ်ကို့ကို မေ့လို့မရခဲ့ဘူး

ညဘက် ညဘက်လည်း ကောင်းကောင်းအိပ်မပျော်ဘူး မျက်လုံးမှိတ်လိုက်တာနဲ့ အဲ့နေ့ညက အဖြစ်အပျက်တွေကို ထင်ထင်ရှားရှားကြီး ပြန်မြင်လာတယ် အစ်ကိုရယ်..

ခုလည်း ညီညီလေ အစ်ကို့ကို သိပ်သတိရလာလို့ ကျန့်ငယ်ကို ခေါ်ပြီး အစ်ကို့ဆီ ထွက်လာခဲ့တာ.."

ရှစ်မျက်နှာခွင် ကောင်းကင်မှာ မိုးရွာတော့မယ့်သယောင် အုပ်မှိုင်းနေပြီး အသက်၄၀ကျော်အရွယ် လူကြီးတစ်ယောက်က စကားတွေ တတွတ်တွတ်ပြောပြီး သူ့လက်ထဲက နှင်းဆီပန်းစည်းကြီးကို အဖြူရောင်အုတ်ဂူလေးပေါ် တင်လိုက်သည်..။

အဖြူရောင်အုတ်ဂူလေးမှာ နှစ်၂၀‌ကြာအောင် အိပ်စက်နေပြီဖြစ်သည့် လူသားလေးတစ်ယောက်ကရော ခုလာတွေ့တဲ့သူတွေကို မှတ်မိပါဦးမလား...။

"ဝမ်... ဝမ့်အစ်ကိုက ဝမ့်ကို စိတ်မချသေးဘူးနဲ့တူတယ် ဝမ့်ကို စကားလည်း ‌ပြန်မပြောဘူး.."

ပြာနုရောင်စွယ်တာလေးနဲ့ ‌အသက်၄၀‌ကျော် ဦးလေးကြီးကလည်း ပထမဦးလေးအား ပြောလိုက်သည်..။
သေချာတာကတော့ နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေနဲ့ပေါ့...။

အစိမ်းနုရောင်ကုတ်အင်္ကျီနဲ့ လူကြီးက မျက်ရည်တွေကြားက အားမရှိစွာ ပြုံးလိုက်သည်

"အစ်ကိုက ဝမ့်ကို စိတ်ချနေပါပြီ ကျန့်ငယ် အာ့ကြောင့်ပဲ ဝမ့်ကို အိပ်မက်မပေးတော့တာပေါ့.."

"ကျွန်တော်ခုမှ သတိရမိတယ်ဝမ် မနက်ဖြန်ဆိုရင် အစ်ကိုဟောက်ရွမ်းဆုံးတာ နှစ်၂၀ တိတိပြည့်ပြီမလား အဲဒါ ကျွန်တော်တို့ ဘုန်းကြီးကျောင်းမှာ အစ်ကိုဟောက်ရွမ်းအတွက် အလှူလုပ်ပေးလိုက်ရအောင်လေ.."

"အင်း..ကျန့်ငယ်သဘော.."

ရိပေါ်ရဲ့ ခွင့်ပြုချက်ရတော့ ရှောင်းကျန့် ရေးရေးလေး ပြုံးလိုက်မိသည်..။
မေလ်ဘယ်ပင်ကြီးအောက်က အုတ်ဂူထဲက လူသားလေးကရော လိုက်ပြုံးနေတယ်မလား..။

အလွမ်းဒဏ္ဍာရီ (အလှမျးဒဏ်ဍာရီ ) [Complete]Tempat cerita menjadi hidup. Temukan sekarang