EP-6

423 26 0
                                    

အလွမ်းဒဏ္ဍာရီ

EP-6

ကြီးလှ။ ။"ဝမ်လေးက ကျန့်ကျန့်ကို လူမသိ သူမသိ ခေါ်သွားတာ အဲဒါ ခိုးပြေးတာ မဟုတ်ဘူးလား"

ဟောက်ရွမ်း။ ။"ဗျာ!"

ကြီးလှ။ ။"ကြီးလှပြောတာ မမှားဘူးမို့လား ကြီးကြီးလှက လူကြီးပါကွယ် တို့လည်း ငယ်ရာက ကြီးလာတာ ကျန့်လေးက ဝမ်လေးအပေါ် စိတ်ဝင်စားနေတယ်ဆို ကြီးကြီးသိပါတယ် ဝမ်လေးကလည်း ချစ်နေလျက်နဲ့ သူ့နှလုံးသားကို ညာနေတာ

ခုတော့ ကောင်းရော ခေါ်ထုတ်သွားသလိုလိုနဲ့ ခိုးပြေးသွားတာလေ"

ထိုစဉ် ဝမ်ပါးပါးရောက်လာပြီး

"မလှငွေ ကျွန်တော် ကျန့်ကို တွေ့လိုက်ရပြီလား"

ကြီးလှ။ ။"အမ်... သူအခု ပြင်ဆင်နေတုန်း ဆရာရဲ့ ခဏနေလည်း တွေ့ရမှာပဲကိုရှင် စောင့်လိုက်ပေါ့"

"အင်း ဪ ဒါနဲ့ရိပေါ်ရော?"

ဝမ်ပါး၏ အမေးကို ဟောက်ရွမ်း ပျာပျာသလဲ ဝင်ဖြေသည်

"ဟို ညီညီက သူ့ ကုမ္ပဏီမှာ အရေးကြီးကိစ္စရှိလို့တဲ့ အဲ့တာ ခဏသွားတယ်ပါး"

ဝမ်ပါး။ ။"အေးအေး ပါးသွားနှင့်မယ်နော်"

ဟောက်ရွမ်း။ ။"ဟုတ်"

ဝမ်ကျန်းလျန်ထွက်သွားသောအခါ ဝမ်ဟောက်ရွမ်းတို့ သက်ပြင်းချလိုက်၍

ဟောက်ရွမ်း။ ။"လုပ် ကြီးကြီးလှ အထုတ်တွေ အမြန်သိမ်း ကျွန်တော်တို့ ညီညီ့နောက်ကို လိုက်သွားရမယ်"

လှငွေ။ ။"အေးအေး"

ကြီးကြီးလှငွေလည်း သူ့ပစ္စည်းများ အမြန်သိမ်း၍ ဟွိုင်စန်းကိုခေါ်ကာ အိမ်မှ လူများ မသိအောင် ဟောက်ရွမ်းနှင့် အတူ ခိုးထွက်ခဲ့ရသည်

ဟောက်ရွမ်း ကားစက်အမြန်နှိုး၍ ရိပေါ် ပို့လိုက်သည့် မြေပုံအတိုင်း မောင်းနှင်ခဲ့တော့သည်

ရိပေါ်တို့ဆီတွင်တော့

မနက်လင်းကာစမို့ ကောင်းကင်ပေါ်ဝယ် နေမင်း၏ အလင်းရောင်က မှိန်ပြပြ ငှက်ကလေးများ၏ တကျိကျိအော်သံနှင့် တောင်ပေါ်ဒေသနှင့် နီးလာသောကြောင့် ပို၍ အေးလာသော ပတ်ဝန်းကျင်..

အလွမ်းဒဏ္ဍာရီ (အလှမျးဒဏ်ဍာရီ ) [Complete]Where stories live. Discover now