အလွမ်းဒဏ္ဍာရီ
EP-24 { Please Don't Copy ‼️}
အချိန်ကား ဆောင်းရာသီ၏ မနက်ခင်းနေ့တစ်နေ့ဖြစ်သည်..နံနက်စောစော ၆နာရီတွင် ခါတိုင်းကဲ့သို့ နေရောင်ခြည် ထွက်ပြူခြင်းမရှိဘဲ ကောင်းကင်တစ်ခွင်လုံး ညို့ညို့မှိုင်းကာ အုံ့ဆိုင်းနေသည်
မည်းမှောင်နေသော ကောင်းကင်အောက်မှ လူများကတော့ နားနေခြင်းမရှိဘဲ မိမိတို့၏ အလုပ်များကို လမ်းမထက်မှာ ကူးချည်သန်းချည်လုပ်ဆောင်နေကြသည်
ညို့မှိုင်းသော ပတ်ဝန်းကျင်က လူသားများ၏ စိတ်ကို မှိုင်းတွတွ ဖြစ်နေစေလေသည်
မြို့နယ်ဆေးရုံကြီး၏ အခန်းတွင်းတစ်နေရာမှာတော့ ရှောင်းကျန့်တစ်ယောက် ကုတင်ပေါ်မှာ ပက်လက်ကလေးလှဲကာ အားဆေးသွင်းပြီး အနားယူနေသည်
ရှောင်းငယ်က ယောက်ျားလေး ကလေးမွေးသည့်အလုပ်ကို မခံနိုင်၍ ပင်ပန်းကာ ဆေးရုံမှာ ရက်အနည်းငယ် ဆက်နေနေရခြင်းဖြစ်သည်
ဆေးရုံမှာ နေရသည့် ရက်တွေအတွင်းမှာလည်း ရိအယ်ကို တစ်နေ့တစ်ခါ ချီရရုံသာလွဲ၍ ဝမ်က သူ့ကို အခြားအချိန်တွေမှာ ပေးမချီ...
ဝမ်က ပြောင်းလဲမှုမြန်လိုက်တာနော် လက်မထပ်ခင်က ချစ်တယ် ချစ်တယ် တဖွဖွပြောနေပြီး ခုများကျတော့လည်း စိမ်းကားသွားလိုက်တာ
အမြဲတမ်းအထီးကျန်ရတယ် ကိုယ့်ဘေးနားမှာ သူမှမရှိတာ..
တစ်ခါတစ်လေ အထီးကျန်တာထက် ပိုပြီးနာကျင်မိတယ်
တစ်ချိန်တုန်းက သူပြောခဲ့ဖူးတယ် ကိုယ်အထီးမကျန်အောင် သူအမြဲအဖော်လုပ်ပေးမှာတဲ့လေ
ဒါပေမယ့် သူကတိမတည်ခဲ့ဘူး သူကိုယ့်ဘေးမှာ မရှိနေပေးခဲ့ဘူး ကိုယ့်ကို အမြဲလိုလို ရှောင်ဖယ်နေခဲ့တယ်
ခုလည်း တိတ်ဆိတ်ပြီး မှောင်မည်းနေသည့် ဤအခန်းလေးထဲမှာ သူ့ကိုတစ်ယောက်တည်း ထားထားလေသည်
ရှောင်းငယ် ဖြည်းဖြည်းချင်း အိပ်ယာပေါ်မှ ထလိုက်သည် ခဏလောက်တော့ ခေါင်းက မူးနောက်နောက်ဖြစ်နေသေးသည်
နည်းနည်းလောက်ကြာမှ ခေါင်းမူးနည်းနည်းသက်သာကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်
YOU ARE READING
အလွမ်းဒဏ္ဍာရီ (အလှမျးဒဏ်ဍာရီ ) [Complete]
Fanfictionဝမ်နဲ့ကျန့်ငယ်ကအလွမ်းတွေနဲ့စခဲ့တဲ့အချစ်ဦးတွေ