သူမ မဟုတ်တဲ့ သူမ Part(1)

85 3 0
                                    

သံလွင်တံတားကြီးနဲ့ သံလွင်မြစ်ပြင်ကျယ်ကြီးကိုမြင်လိုက်တာနဲ့ခွန်းခတယောက် အတိတ်တချို့ကို မြင်ယောင်ကာစိတ်ထဲမှာ ဝမ်းနည်းပြီးသူမ ကိုသတိရလာပြန်တယ်...မော်လမြိုင်မြို့ကြီးဆိုတာ ခွန်းဘယ်တော့မှပြန်မလာချင်တဲ့မြို့လေးတမြို့ပါ ဒါပေမဲ့လည်း နှစ်တွေအများကြီးကြာမှတာဝန်အရဒီမြို့လေးကိုပြန်လည်ခြေ ချရပြန်တယ်....ကားဝင်းရောက်တာနဲ့ ခွန်းကိုလာကြိုတဲ့ခွနိးရဲ့သူငယ်ချင်းက ခွန်းကိုလှမ်းခေါ်လိုက်တယ်......

"ခွန်းရေ ငါဒီမှာ"

style pant ဘောင်းဘီနဲ့ ရှက်အင်္ကျီကိုဝတ်ဆင်ပြီးပြိုင်ကားအနက်လေးဘေးမှာရပ်နေတဲ့ကောင်မလေးက ခွန်းကိုလှမ်းခေါ်လိုက်တာကြောင့်ခွန်းလည်းလက်လေးပြကာသူမဆီလျှောက်လာလိုက်တယ်...

"ခွန်း နင်ကအရင်တိုင်းပဲနော် လုံးဝမပြောင်လဲဘူး ပိုလည်းလှလာတယ် "
"ေဒါင်း နင်လည်းအရင်တိုင်းပဲသိလား ငါ့ကိုတွေ့တာနဲ့မြှောက်ပြောတော့တာပဲ"
"မဟုတ်ပါဘူး နင်က အသက်ကြီးလေနုလေဖြစ်နေတာကို"
"ညစာကို ငါကျွေးရတော့မယ်ထင်တယ်"
"ဟီးဟီး ငါကျွေးမှာပါ ဒါနဲ့ အရင်ဆုံး သူမဆီသွားမှာမလား"
"ငါ သူမဆီသွားမယ်ဆိုတာဘယ်လိုသိလဲဒေါင်း"
"နင်လက်ထဲကနှင်းဆီပန်းအနီရောင်ပန်းစည်းကိုတွေ့တာကို"
"သြော်"
"နင်ကလည်း ပန်းကဒီမှာရတာကိုတကူးတက ရန်ကုန်ကနေဝယ်လာတယ်"
"မတူဘူးလေဟ မက ငါကိုယ်တိုင်လုပ်ပေးတဲ့နှင်းဆီပန်းအနီရောင်ပန်းစည်းဆိုအရမ်းကြိုက်တာ ပြီးတော့ သူမဆီမရောက်တာလည်းနှစ်တွေကြာနေတော့ ပန်းစည်းလှလှပေးချင်လို့ပါ"
"ဟုတ်ပါပီ ကားပေါ်တက်ငါလိုက်ပို့ပေးမယ်"

ခွန်းလည်း ဒေါင်းရဲ့ကားပေါ်ကို တက်လိုက်တယ် လမ်းတလျှောက်သူမနဲ့သွားခဲ့တဲ့နေရာတွေကိုဖြတ်မောင်းတိုင်းသူမကိုလွမ်းမိတယ်.....ကားရပ်လိုက်တာနဲ့ ခွန်းပန်းစည်းလေးကိုကိုင်ကာ သူမရှိတဲ့နေရာဆီလျှောက်သွားလိုက်တယ်......

အုတ်ဂူအဖြူရောင်လေးပေါ်က မနန်းဦး အသက်29 ဆိုတာကိုမြင်လိုက်တာနဲ့ခွန်းမျက်ရည်တွေကျလာခဲ့တယ် နှစ်တွေဘယ်လောက်ပဲကြာနေပါစေ သူမရဲ့အုတ်ဂူ ကိုရောက်တာနဲ့ခွန်း မျက်ရည်တွေခုထိကျနေဆဲပါ ...ပန်းစည်းလေးကိုအုတ်ဂူပေါ်တင်လိုက်ပြီး..

သူမ မဟုတ်သော သူမWhere stories live. Discover now