သူမ မဟုတ်သော သူမ part (7)

30 3 0
                                    

ခွန်းစိတ်ထဲမှခေါ်လိုက်တာ

"အမ"

ဆေးရုံရဲ့ယူနီဖောင်းလေးကိုဝတ်ထားပြီးအပေါ်ကဂျူတီကုတ်အဖြူလေးထပ်ကာ နားကြပ်လေးကိုလည်ပင်းမှာတင်ထားတဲ့သူမက ဒီလို့ပုံစံလေးနဲ့လည်းချစ်ဖို့ကောင်းနေတာလား...

"သမီး ဒါက ဦးလေးရဲ့သမီး နန်းဦးတဲ့ နှလုံးအထူးကုဆရာဝန်"
"ဟုတ်ကဲ့ "
"သမီး နန်း ဒါက ခွန်းခ ဆရာကြီးရဲ့ သမီး"
"ဟုတ် ဖေကြီး ညီမလေးနဲ့သမီးနဲ့က ရန်ကုန်မှာတခါဆုံဖူးတယ်"
"ဟေ ဟုတ်လား"
"ဟုတ်တယ် ဦးလေး Centerတခုမှာ ခွန်းလက်ကို ထိခိုက်မိသွားတွေ့ အမကဆေးထည့်ပေးတာ"
"ဟုတ်တယ်ဖေကြီး ဒါပေမဲ့သူက ဦးလေးထင်ကျော်ရဲ့ သမီးမှန်းမသိခဲ့ဘူး"
"တိုက်ဆိုင်တာပေါ့သမီးရယ် အချင်းချင်းသိတော့အတူနေရတာအဆင်ပြေတာပေါ့"
"ဟုတ်"

ခွန်းစိတ်ထဲမှာတော့အတိုင်းမသိပျော်နေတာပေါ့ သူချစ်ရတဲ့သူမနဲ့တွေ့ရတော့လည်း ...

"ဒါနဲ့ခွန်း အိမ်ပြန်ချင်နေပီလား သမီးနန်းလည်းအိမ်ပြန်မှာဆိုတော့လိုက်သွားမလား"
"အမက ခွန်းအိမ်ကိုပဲလိုက်မှာမလား"
"ဟုတ်တယ်ခွန်း"
"ဒါဆိုသမီး အမနဲ့လိုက်သွားလိုက်မယ်ဦးလေး"
"အေးအေး သမီးနန်း ညီမလေးကိုဂရုစိုက်ခေါ်သွားလိုက်နော်"
"ဟုတ်ဖေကြီး ဒါဆိုသွားကြမယ်လေ"

ဖေကြီးက လူတယောက်နဲ့မိတ်ဆက်ပေးဖို့လာခဲ့ဆိုလို့သွားတာ တခြားသူလို့ထင်တာပေါ့ တံခါးဖွင့်လိုက်မှ ပင်ပန်းနေတဲ့ပုံနဲခုံမှာထိုင်နေတဲ့ ကျွန်မ
တွေ့ချင်နေတဲ့ခလေးမလေး ရေစက်လို့ဆိုရမလားပဲ ကျွန်မရှိတဲ့နေရာထိဒီခလေးမလေးရောက်လာတယ်.....

ကားပေါ်ရောက်တော့....နန်းဦးဘက်မှစကားစပြောလိုက်တယ်

"ခွန်းက ဒီမှာသငိတန်းလာတက်တာဆို"
"ဟုတ်အမ "
"ရန်ကုန်မှာတက်ရတာကို"
"ဖေဖေပေါ့ ဒီမှာအလုပ်သင်ဆင်းခိုဂ်းတာ အဓိက ကတော့ဦးလေးအောင်သူနဲ့သူသမီးရှိတော့ ခွန်းအတွက်စိတ်ချရတယ်ဆိုပြီး"
"အော်
"အမကိုဦးလေးသမီးလို့တောင်မထင်ဘူး ရန်ကုန်မှာတွေ့ပီးထဲက ခွန်းက အမကိုထပ်တွေ့ချင်နေတာ".
"ဘာလို့လဲ "
"အမ ခွန်းကိုကူညီတာ ဘာမှမကျွေးလိုက်ရလို့".
"ဦးလေးထင်ကျော်သမီးဆိုတာသိရထဲက အဲ့လိုလုပ်ပေးလိုက်ရတာကိုနည်းတယ်လို့တောင်ထင်နေတာ"
"အမ ကလည်း ခွန်းဖေဖေနဲ့ခွန်းနဲ့မှမတူတာ ခွန်းဖေဖေကျေးဇူးရှိတယ်ဆိုပီးခွန်းကို ကျေးဇူးရှင်ကြီးတယောက်လို့မဆက်ဆံရဘူးနော် အဲ့တာခွန်းအမိန့်ပဲ"
"အမလေး ခွန်းကစကားတက်ပါ့"
"တကယ်ပြောတာ ခွန်းက အမကိုတွေ့ချင်နေတာ တခါလေးတွေ့တဲ့သူတယောက်ကိုအဲ့လိုပဲထပ်တွေ့ချင်တာ ဒါကပထမဆုံးပဲ"
"အင်းပါ "

သူမ မဟုတ်သော သူမWhere stories live. Discover now