သူမ မဟုတ်သော သူမPart (6)

36 2 0
                                    

ညကပင်ပန်းပီးအိပ်ပျော်သွားတာ မနက်8ရာရီမှာခွန်းတယောက်နိုးတယ် 9နာရီဆိုဆေးရုံသွားရမှာမို့ အိပ်ယာထက ရေထချိုးကာ အလှပြင်လိုက်သည် ပုံမှန်ကောင်းပီးသားအသားရည်မို့ခွန်းတယောက်ထွေထွေထူးထူးမိတ်ကပ်မလိမ်းပဲ ပါးပါးလေးသာလိမ်းလိုက်သည် style pantဘောင်းဘီမပွကို T shirt အကျပ်နဲ့ဝတ်ပြီး အပေါ်ကနေ ကုတ်အပွတထည်ကိုထပ်ဝတ်လိုက်သည် အရမ်းမိန်းမမဆန်တဲ့ခွန်းအတွက်ကထိုပုံစံလေးနဲ့လိုက်ဖက်လွန်းတယ် အားလုံးပြင်ဆင်ပြီးတော့ပိုက်ဆံအိတ်ကိုယူကာအောက်ဆင်းလာခဲ့သည်

"သမီး ခွန်း ကြီးမေ မနက်စာပြင်ထားတယ်"

တီ တီ တီ ခြံတံခါးရှေ့မှကားဟွန်းသံကြားတာကြောင့်ခွန်းတယောက်ကြီးမေးကိုလှမ်းပြောလိုက်သည်

"မစားတော့ဘူးကြီးမေ ဦးလေးအောင်သူလာခေါ်နေပီ နေ့လည်စာလည်းခွန်းအပြင်မှာစားလိုက်မယ်နော်ကြီးမေ"
"အေးအေး သမီး ဂရုစိုက်နော်"
"ဟုတ်ကြီးမေ"

ခွန်းတယောက်ကြီးမေကိုနှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်သည်

ကားပေါ်တွင်.

"သမီးခွန်း ဆေးရုံကိုအရင်သွားမလား သင်တန်းကျောင်းကိုအရင်သွားမလား ဒါမှမဟုတ် စက်ရုံကိုအရင်သွားမလား ဘယ်သွားမလဲ"
"သမီးဆေးရုံကိုအရင်သွားမယ်ဦးလေးပြီးရင်တော့သင်တန်းကျောင်းကိုသွားမယ် စက်ရုံပိုင်း
ကျတော့ သမီးနောက်နေ့မှသွားလိုက်မယ်"
"အေးအေးသမီး သမီးသင်တန်းတက်ဖို့ကျောင်းမှာသီးသန့်အခန်းစီစဥ်ပေးထားတယ်"
"ဘာလို့လဲဦးလေး "
"လူများတော့သမီးအဆင်မပြေမှာစိုးလို့ပါ"
"ရပါတယ် သီးသန့်အခန်းကိုတော့ခွန်းစာလုပ်ဖို့သုံးလိုက်မယ် အတန်းကိုတော့တခြားသူတွေနဲ့ပဲသင်လိုက်မယ် လူအများနဲ့သင်တော့သမီးလည်းအဲ့ကနေ ကိုယ့်သင်တန်းကဘာတွေလိုအပ်နေလဲသိရတာပေါ့"
"အေးပါ  ဆရာကြီးသမီးလိုမပြောရဘူး အရာရာကိုသူများတွေအတွက်စဥ်းစားပေးတယ်ဆရာကြီးလည်း ဒါကြောင့်လည်းခုချိန်မှာအောင်မြင်နေတာ"
"ဖေဖေက ခွန်းကိုအမြဲသင်ပေးတယ် ကိုယ့်ထက်အားနည်းတဲ့သူတွေကိုအနိုင်မကျင့်ရဘူးတဲ့ ငါကပိုက်ဆံချမ်းသာတယ်ဆိုပြီးလည်း သူတပါးကိုမနှိမ်ရဘူးတဲ့ အဲ့တာဖေဖေအမြဲခွန်းကိုသင်ပေးတဲ့စကားပဲ"
"ဒါပေါ့သမီးရဲ့ ဆရာကြီးကအရမ်းစိတ်ထားကောင်းတယ် ဦးလေးတို့လည်းဆရာကြီးကျေးဇူးကြောင့်ခုလိုနေနိုင်တာ"
"ဖေဖေဘယ်လောက်ပဲလုပ်ပေးပေးပါ ဦးလေးကလည်းဖေဖေအပေါ်သစ္စာရှိလို့ ဖေဖေကအားကိုးတာပါ"
"ဟားဟား ခွန်းလေးစကားတွေအရမ်းတက်လာပြီပဲ စိတ်ချပါ ဆရာကြီးအပေါ်မှာရော ခွန်းလေးတို့အပေါ်မှာရော ဦးလေးက သေတဲ့အထိသစ္စာရှိမှာ"
"ဟုတ်ကျေးဇူးတင်ပါတယ်ဦးလေး"

သူမ မဟုတ်သော သူမWhere stories live. Discover now