သူမ မဟုတ်သော သူမ Part(5)

37 1 0
                                    


ဒီမနက် မော်လမြိုင်သွားရမှာမို့လို့ ခွန်းတယောက်ပုံမှန်ထက်စောစောထပြီးပြင်ဆင်နေသည်...ထို့အချိန်ခွန်းမေမေကအခန်းထဲကိုဝင်လာကာ

"သမီး အထုပ်အပိုးတွေအဆင်သင့်ဖြစ်ရင်ကားရောက်ပီ ကားပေါ်တင်ခိုင်းလိုက်တော့မယ်နော်"
"ဟုတ်မေမေ  အလုပ်ဒါနဲ့ဖေဖေကသွားပီလားဒီနေ့ခွန်းနယ်သွားရမှာကိုဖေဖေကမတွေ့သွားဘူး"

"ဖေဖေ အလုပ်မသွားသေးပါဘူးသမီးရဲ့ သမီးကိုစိတ်ချလက်ချ အကုန်လုပ်ပေးပြီးတော့မှသွားမှာ"
"ဟီးဟီးဒါကြေညင့်မို့ဖေဖေ့ကိုချစ်နေရတာ"
"ဟိုအစစအရာရာဂရုစိုက်နေ ဖေဖေနဲ့မေမေဘေးမှာမရှိဘူးဆိုပြီး ထင်ရာမလုပ်နဲ့ ဆိုင်ကယ်ကိုလည်းဝေးတဲ့နေရာတွေထိမမောင်းနဲ့ မသက်သာလို့သာသမီးကိုဖေဖေကလွှတ်လိုက်ရတာ စိတ်ကမချဘူး"
"ဖေဖေရလည်း သမီးကလိမ်မာတဲ့ခလေးပါ မိဘတွေဘေးမှာမရှိဘူးဆိုပြီးထင်ရာဆိုင်းမဲ့သူမဟုတ်ပါဘူးနော်"
"ဖေဖေသမီးကိုယုံ​ပါ
​တယ်ဒါပေမဲ့လူငယ်လေ အပေါင်းအသင်းတွေရလာတဲ့အခါမလုပ်သင့်တာတွေလုပ်မှာဆိုးလို့"
"ဘယ်တော့မှအဲ့လိုမဖြသ်စေရဘူးလို့ ဖေဖေနဲ့မေမေကိုခွန်းကတိပေးတယ်"
"ဟုတ်ပါပီ လာအောက်ဆင်းကြစို့"

ခွန်းတယောက်အဖေနဲ့အမေကိုအလွမ်းသာ်ပြီးအောက်ဆင်းလာတဲ့အချိန်အလောတကြီးနဲ့လက်ထဲမှာအထုပ်တွေအများကြီးကိုင်ပြီးအိမ်ထဲဝင်လာတဲ့ဒေါင်းကိုကြည့်ပြီး

"ဒေါင်းဘာဖြစ်လာတာလဲအလောတကြီးနဲ့ ငါလန့်လိုက်တာ နင့်မြင်ရတာ"
"တော်သေးတာပေါ့မှီလို့"
"ဘာကိုလဲဟ"
"အော်ဒီမှာနင့်အတွက်နင်ကြိုက်တာတွေငါဝယ်လာပေးတာ ငါကနင်သွားပီထင်ပြီးအမြန်လာတာ"
"ဒေါင်းရယ်ဘာများလဲလို့ နင်ကလည်းတကူးတက ငါသွားမှာကတောထဲမဟုတ်ဘူးမြို့ပေါ်နော်"
"နင်ကလည်း ဟိုကအစားအစာတွေကနင်ဂျီးများပုံနဲ့ ငတ်သေမှာ နင်စစချင်းအဲ့ကအစားအစာတွေကိုမစားတက်မှာဆိုးလို့စတနာနဲ့လာပေးတာကို"
"အာ့ကြောင့်ငါ့ကနင့်ကိုချစ်တာငါကိုအမြဲစိတ်ပူပေးလို့လေ"
"အဲ့စကားကိုနင်ရည်စားရလည်းပြောနိုင်ပါစေနော်"
"အာဘွား...."

ဒေါင်းပြောတာလည်းမှန်ပါတယ် မေမေတို့နဲ့အရင်ကဘုရားဖူးသွားတိုင်း မော်လမြိုင်ကအစားအစာတွေကိုမစားတက်လို့ အခက်အခဲအမြဲတွေ့တယ်လေ ကိုယ်နေရာကိုယ်ဒေသအစားအစားတွေနဲ့တူတူရှိသလို​ေမတူတာလည်းရှိတယ်တော်တော်များများကမတူကြဘူးအခေါ်အဝေါ်တွေကအစကွာတယ်လေ

သူမ မဟုတ်သော သူမWhere stories live. Discover now