မြို့စားကတော်ရှောင်း
Part 26
---------
မိုးရွာသီမဟုတ်ပေမဲ့လည်း ဒီနေ့တစ်နေ့ကတော့ထူးခြားစွာနဲ့မိုးရွာနေလျက်*ဗုန်း! ဒိုင်း!ခွမ်း!!*
မြို့စားဝမ်အခန်းထဲကအသံတွေ အစေခံတွေကဝင်မဆွဲရဲကြပေ မြို့စားဝမ်ကအလွန့်အလွန်ကိုဒေါသထွက်နေသည် လဲကျနေတဲ့ မြို့စားကတော်ကလည်း ကုန်းထဖို့အလုပ်မြို့စားဝမ်က xzရဲ့မျက်နှာကိုညှစ်ကာမော့စေလိုက်သည်
"ပြန်ပြောစမ်း!"
"ကျွန်တော်ကလူပျိုမဟုတ်ပါဘူးလို့! တစ်ချိန်ကမင်လျန်နဲ့အတူအိပ်ခဲ့ပြီး
သားတစ်ယောက်တောင်ရခဲ့တယ် အခုတော့သားကသေသွားခဲ့တယ်""တောက်! Xz!! မင်းကွာ!"
"ကွာရှင်းမယ်လို့!"
မြို့စားဝမ်ကအဲ့ဒီအသုံးအနူန်းရောက်ရင်စကားကိုကွေ့ပတ်ရှောင်တတ်သည်
သူxzကိုချစ်တယ် လုံးဝမကွာရှင်းချင်ဘူး xzကသူ့ကိုဖုံးကွယ်လာလို့
စိတ်ဆိုးတယ်ဒါပဲ"ဒီမယ် မြို့စားဝမ် ခင်ဗျားဘာသာခင်ဗျား မကွာရှင်းချင်လဲနေ ကျုပ်က
တော့ကွာရှင်းမယ်ဒါပဲ! ခင်ဗျားနဲ့အတူအိပ်ခဲ့တဲ့ကောင်လေးကအခုပြန်လာပြီ
ပဲ ခင်ဗျားတို့မိသားစုအတူပြန်ဆုံရပြီပဲကို ကျုပ်ကကြားမဝင်နိုင်ဘူး""xz! မင်း! တော်တော့!"
နှစ်ယောက်သားကြားမှာစကားသံကတိတ်ဆိတ်သွားကာ အစေခံတွေကြားထဲကနေမင်လျန်ရဲ့အသံကထွက်ပေါ်လာသည်
"xz သွားမယ်လေ"
"အင်း မင်လျန်"
"ဘာလဲ ဘယ်သွားကြမှာလဲ"
"ပြောပြီးသားလေ ကျုပ်ကမင်လျန်နဲ့အတူအိပ်ခဲ့တဲ့ကောင်ပါဆို ခင်ဗျားနဲ့
ကျုပ်ကွာရှင်းမယ်လို့ အခုသူလာခေါ်ပြီ လိုက်သွားတော့မယ် စံအိမ်ထဲ
မှာပေးနေခဲ့တဲ့အတောအတွင်းကျေးဇူးတင်ပါတယ် နူတ်ဆက်ပါတယ်"Xzကလက်ထဲကလက်စွပ်ကိုချွတ်ကာ မြို့စားဝမ်ရှေ့အထိရောက်အောင်
ပစ်ပေးလိုက်သည် ပြီးတာနဲ့မင်လျန်ရှေ့ကနေထွက်သွားတော့သည်
စံအိမ်ရှေ့ရောက်တော့"မင်လျန် ခင်ဗျားနောက်ကနေမြင်းတစ်စီးနဲ့လိုက်ခဲ့ပါလား ကျွန်တော်တစ်
ယောက်ထဲစီးခြင်လို့ပါ"

YOU ARE READING
မြို့စားကတော်ရှောင်း~
Fanfictionမြို့စားဝမ်ရဲ့ကလေးဆိုတာကိုမသိပဲနဲ့ကယ်လိုက်မိတယ် ဘယ်သူထင်မှာလဲငါကမြို့စားကတော်ဖြစ်သွားမယ်လို့