Part 18

2.2K 205 0
                                    

မြို့စားကတော်ရှောင်း
Part 18
------
Xzကငြိမ်နေတဲ့သူ့ဒေါသကိုတစ်ဖက်ကနေတုတ်လေးနဲ့လာထိုးလိုက်
မီးနဲ့လာမြှိုက်လိုက်လုပ်နေတာလားတောင်မသိ ဒီနေ့တစ်မနက်လုံးxzကို
မတွေ့ မေးကြည့်တော့တစ်ယောက်မှလည်းမသိကြ အေးကောင်းတယ်
သူသေရင်တောင်အလောင်းပုပ်တော့မှ ဟယ်မြို့စားသေပြီဆိုပြီးသိမဲ့ဟာတွေ

"xz xz မင်းကမလွယ်ကြောပဲ"

မနေ့ကxzက မင်လျန်ရဲ့အိမ်ကိုသွားမယ်လို့ပြောထားတာကြောင့် yb
သတိရကာ မြင်းကိုထုတ်ခိုင်းလိုက်သည်
.
.
.
.
တစ်ဖက်xzကတော့ အားချင်နဲ့အတူမင်လျန်ရဲ့အိမ်မှာ မင်လျန်က
ဥယျာဉ်ထဲလာခဲ့ပါလို့ခေါ်ထားတာမို့ သွားတော့လမ်းတစ်လျှောက်မှာ
ရင်းနှီးနေတဲ့မျက်နှာနှစ်ခုကိုတွေ့လိုက်ရတာမို့ ခြေလှမ်းတွေရပ်တန့်သွား
ခဲ့တယ် ပြီးတော့လေသံတိုးတိုးနဲ့

"သူတို့နှစ်ယောက်လား"

"မြို့စားကတော်ဘာဖြစ်တာလဲရှင့်"

"ဟမ်? ဘာမှမဟုတ်ဘူး ဒီအတိုင်းအတွေးများသွားလို့ "

"ဟုတ်ကဲ့"

ဥယျာဉ်ထဲရောက်တော့ လက်ဖက်ရည် မုန့်တွေနဲ့တည်ခင်းဧည့်ခံထားသည်
မင်လျန်ကတော့စကားပြောပါရဲ့ xzစိတ်ထဲမှာခုနကသူ့ဘေးနားက
နေဖြတ်သွားတဲ့လူနှစ်ယောက်ကိုစိတ်ထဲစွဲနေသည်

"xz xz "

"ဟင်.."

"လက်ဖက်ရည်သောက်ရတာကောင်းလားလို့မေးတာပါ"

"အာ ဟုတ်ကဲ့ကောင်းပါတယ်"

"xz သဘောကျတယ်ဆိုရင်ကိုယ်ကျေနပ်ပါပြီ"

"အင်း..."

လေအနည်းငယ်တိုက်လာတော့နေလို့ကောင်းသည် ဥယျာဉ်ထဲကပန်း
ရနံ့အချို့ကနှာခေါင်းထဲဝင်လာတယ် မွှေးတယ် xzမျက်လုံးမှိတ်ကာ
အဲ့ရနံ့တွေကိုခံစားနေလေသည် မျက်နှာကိုတိုးဝှေ့လိုက်တဲ့လေတွေက
ပန်းရနံ့တွေနဲ့အတူမို့လို့

Xzမျက်လုံးဖွင့်လိုက်တော့ အမူန်တစ်ခုကသူ့မျက်လုံးထဲဝင်သွားတာ
မို့မျက်လုံးကိုဖိပွတ်နေလိုက်သည်

"မြို့စားကတော်ဘာဖြစ်လို့လဲ"

"ငါ့မျက်လုံးထဲတစ်ခုခုဝင်သွားတယ်"

မြို့စားကတော်ရှောင်း~Where stories live. Discover now