Part 22

2.1K 194 2
                                    

မြို့စားကတော်ရှောင်း
Part 22
-----
မြို့စားဝမ်သူ့ကိုစကားမပြောတာ တစ်ပတ်ရှိပြီ တွေ့တိုင်း သူ့ကိုမမြင်ချင်
ယောင်ဆောင်ပြီးထွက်သွားတာပဲ ဘာလို့လဲတော့မသိပေမဲ့လည်း ရင်ထဲမှာ
ဝမ်းနည်းသလိုကြီးပဲ

လက်ကိုရေဆေးနေရင်းနဲ့အမှတ်တမဲ့တစ်ခုခုကိုသတိရသွားသလိုပဲ
သူ့လက်သန်းကြွယ်ကလက်စွပ်လေးက ဟိုမှာထဲကမတွေ့တော့တာ
ဘယ်သူယူသွားလဲတော့မသိပေမဲ့လည်း လက်စွပ်ပျောက်လို့မှမဖြစ်တာ

Xzအခန်းထဲကထွက်လာတော့ပြတင်းပေါက်ကိုသန့်ရှင်းရေးလုပ်နေတဲ့
ကောင်မလေးနှစ်ယောက်ပြောနေတာကိုကြားမိသည် ထိုကောင်မလေး
တွေကသူ့ကိုတော့မမြင်မိ

"ဟဲ့ ဒီနေ့ညလေနန်းတော်မှာပွဲရှိတာ မြို့စားဝမ်ကလေ မမလေးရန်ရန်နဲ့
သွားမှာတဲ့"

"နင်ဟယ်ပေါက်ပေါက်ရှာရှာ ဘာလို့အဲ့ကောင်မနဲ့သွားမှာလဲ ဒီမှာမြို့စားကတော်တစ်ယောက်လုံးရှိတာပဲကို"

"ဟဲ့ နင်မသိဘူးလား မြို့စားကတော်ကယောက်ျားလေးလေ "

"အဲ့တော့ဘာဖြစ်လဲ စော်အောလေးကိုမွေးပေးခဲ့တဲ့သူကလည်းယောက်ျား
လေးပဲကို"

"သူလည်းဘယ်တိုင်းရောက်နေလဲတောင်မသိပဲနဲ့များ စော်အောလေးကိုမွေး
ပြီးပစ်သွားတာလားမသိဘူး"

အတင်းတုတ်နေရင်းကနေပြီးတော့ စော်အောဘက်ကိုပါသွားတာကြောင့်
Xzသူတို့နားသွားလိုက်သည် စော်အောကိုမွေးတာယောက်ျားလေးလား

"မင်းတို့ နှစ်ယောက်"

"ဟုတ်ကဲ့...မြို့စားကတော်"

သူမတို့နှစ်ယောက်ကအခုမှဒူးထောက်မတက်တောင်းပန်သည်ခုနကသူမ
တို့ပြောစကားတွေကြားသွားရင်...

"ငါမေးချင်လို့ စော်အောကိုမွေးတဲ့သူကယောက်ျားလေးလား"

"ဟုတ်ပါတယ် အဲ့လိုပဲကြားတာပါ အကြောင်းအရင်းအစုံကိုအိမ်တော်ထိန်း
ကြီးနဲ့သူ့မိန်းမပဲသိတာပါ ကျွန်မတို့မသိပါဘူးရှင်"

"ရတယ် ဆက်လုပ်နေကြ"

"ဟုတ်ကဲ့"

အိမ်တော်ထိန်းကြီးတို့ခွင့်ယူသွားတာ2ပတ် ပြန်လာဖို့5ရက်တောင်လိုနေသေးတာ ပြန်လာမှပဲမေးတော့ပါ့မယ်လေ
ပြီးတော့ခုနကပြောတာ ybကရန်ရန်နဲ့ပွဲအတူတက်မယ်ဆိုပဲ...
-------
"အကိုကျန့်"

မြို့စားကတော်ရှောင်း~Where stories live. Discover now