The Sky that Two of Us 1

34.3K 345 4
                                    

တို့နှစ်ယောက်ရဲ့ကောင်းကင် ( part - 1 )
↔↔↔↔↔↔↔↔↔↔

"မင်းဆိုတဲ့​ကောင်​က ဒီ​လောက်​ထု​ထောင်း​နေတာ​တောင်​မှတ်​ချင်​မှ မှတ်​မယ့်​ကောင်​မျိုး"

သူသည်​ပါးစပ်​ထဲမှ​သွေးထွက်​နေသည်​ကို သိ​သော်​လည်း သုတ်​ဖို့မကြိုးစားဘဲလူးလဲထဖို့သာ ကြိုးစား၏။
မိုးတွေလည်း သည်းသည်းမည်းမည်းရွာနေ၍ ပါးစပ်ကသွေးတို့သည် မိုးရေနှင့်ရောကာ ရဲရဲနီသွား၏။
ထိုအချိန်​သူ့ရင်​ဘတ်ကို ခြေ​ထောက်​တစ်​ချောင်းက အားနှင့်တက်​နင်းပစ်လိုက်​၍ သူပြန်​လဲကျသွားသည်​။

"မင်းအလှည့်​ဆို​တော့ လုပ်​ထား​ပေါ့​"

သူ ထပ်​ကြိမ်းလိုက်​စဉ်​မှာပဲ ဝမ်းဗိုက်​ဆီကို လှိမ့်​အကန်​ခံလိုက်​ရသဖြင့်​ သူထပ်​မ​ပြောနိုင်​တော့ဘဲ တွန့်​လိမ်​သွားမိသည်​။

"ထားခဲ့လိုက်​တော့​ဇေကြီး သွားစို့"

သူ့အမြင်​တွေ​ဝေ​ဝေဝါးဝါးဖြစ်​နေ​သော်​လည်း​ဇေကြီးတို့ ထွက်​သွားကြမှန်းသိလိုက်​ရသည်​။
ထဖို့ ကြိုးစား​သော်​လည်း သူလုံးဝမလှုပ်​နိုင်​၍အရာမထင်​။
ထိုအချိန်​ ကားတစ်​စီးရပ်​လိုက်​သံကြားကာ​ ပြေးဆင်းလာသည့်​ခြေသံနှင့်​အတူ မျက်​ဝန်းညိုညို​လေးများကို​ဝေ​ဝါးစွာ​တွေ့လိုက်​ကာ သူ​မေ့​မျောသွားခဲ့သည်။

💮💮💮

သူသတိရလာ​တော့ ဂစ်တာသံသဲ့သဲ့ကိုကြားလိုက်​ရသည်​မို့ မျက်​လုံး​တွေကိုအားယူပြီး ဖွင့်​လိုက်​သည်​။
ဖြူ​ဖွေးလှပ​သော မျက်​နှာကျက်​ကို​တွေ့လိုက်​တော့ သူ့အိမ်​မဟုတ်​ဟု​သောစိတ်​က ငုတ်​တုပ်​ထထိုင်​မိလျက်​သားဖြစ်​သွားသည်​။
ဗိုက်ဆီမှဆစ်ခနဲဖြစ်သွား၍ ငုံ့ကြည့်မိတော့ ပတ်တီးအဖွေးသား။
သူထထိုင်​မိ​တော့ ဆိုဖာပေါ်ထိုင်နေသည့် ချာတိတ်​လေးက လှည့်ကြည့်​၍ ဂစ်တာကိုချခဲ့ကာ သူ့အနား​ရောက်​လာပြီး ဘေးနားကထိုင်​ခုံလေးမှာ ဝင်​ထိုင်​လိုက်​သည်​။

"ဘယ်​လို​နေ​သေးလဲ"

"သက်​သာပါပြီ ခုလိုခေါ်လာပေးတာကို ကျေးဇူးတင်​ပါတယ်​ မဟုတ်ရင်တော်တော်မလွယ်မှာ"

တို့နှစ်ယောက်ရဲ့ကောင်းကင် - The Sky that Two of UsWhere stories live. Discover now