The Sky that Two of Us 30

7K 178 3
                                    

တို့နှစ်ယောက်ရဲ့ကောင်းကင် ( part - 30 )
↔↔↔↔↔↔↔↔↔↔

မင်္ဂလာရက်ကိုသတ်မှတ်ပြီးပြီမို့ သူမကို လူကြီးစုံရာနဲ့ တောင်းရမ်းဖို့အတွက် သူစီစဉ်သည်။
နှင်းပွင့်ကို သူ ဘယ်လောက်မြတ်နိုးတန်ဖိုးထားကြောင်း အခုအချိန်မှာသက်သေပြရမည်မို့ စိတ်ကူးနဲ့ပျော်နေမိသည်အထိ။

"အဲ့လောက်ထိမလိုပါဘူး ကိုရယ်"

"လိုတယ် ကို မင်းကိုဘယ်လောက်တန်ဖိုးထားလဲ အားလုံးသိဖို့လိုတယ် ပြီးတော့မင်းသိဖို့လည်းလိုတယ်"

ငြင်းဆန်သလိုလေးလုပ်နေပေမယ့် သူ့ကလေးလေးပျော်နေမှာမှန်း သူသိသည်။
တောင်းရမ်းသည့်နေ့မှာ နှင်းပွင့်က အဖြူပေါ်မှာမိုးပြာရောင်ချိတ်လိုင်းလေးတွေပါသည့် မြန်မာဝတ်စုံလေးဖြင့် ယဉ်ယဉ်လေးလှနေသည်။
ရှက်ပြုံးလေးဖြင့် သူမမျက်နှာလေးက ပန်းနုရောင်သမ်းလျက် တော်တော်လည်းပျော်​နေဟန်ရှိသည်။

"မိန်းကလေးကို တန်ဖိုးထားပြီးတင်တောင်းတဲ့ အသွင်းပစ္စည်းတွေပါ"

ကြီးမေရဲ့စကားကြောင့် အားလုံးကခေါင်းတညိတ်ညိတ်ဖြင့် စားပွဲပေါ်ရော စားပွဲအောက်မှာပါ ချထားသည့်ပစ္စည်းတွေကို တစ်ချက်ကြည့်ကြသည်။
ရတနာပစ္စည်းထည့်သည့် ကတ္တီပါဘူးတွေလည်း လေး၊ငါးဘူး မကသလို သူပိုင်ဆိုင်သည့် လယ်တောနားကအိမ်ကလေးအပြင် Smart Diaryရဲ့ပိုင်ဆိုင်မှုစာချုပ်တွေ၊ အဖေ့ဆီကရထားသည့် Hotelစာချုပ်တွေလည်းပါပြီး အဖေ သူမအတွက်ဝယ်ပေးထားသည့်ကားသော့လေးလည်း အပါအဝင်ဖြစ်သည်။
သူပိုင်ဆိုင်သမျှအရာအားလုံးကို သူမခြေရင်းမှာပုံချပေးထားခြင်းဖြစ်သလို ဒါကို နှင်းပွင့်ရဲ့မိသားစုဝင်တွေက ကျေနပ်နေကြဟန်။
အထူးသဖြင့် သူ့ချာတိတ်လေး...

"ကို အဲ့လောက်ရေလျှံမှန်းမသိဘူး စောစောသာကြိုသိရင် လိုချင်တာတွေအကုန် တန်းစီပြီးပူဆာပါတယ်"

"အကြွေးမှတ်ထားလိုက်"

ဆိုကာ မျက်လုံးတစ်ဖက်မှိတ်ပြတော့ သူမ မျက်စောင်းလေးထိုး၏။
သတို့သမီးလေး ကံကောင်းလိုက်တာဟု အပြောခံရခြင်းသည် နှင်းပွင့်အပေါ်ထားသည့် သူ့ရဲ့အချစ်ကြောင့်ဟု ဂုဏ်ယူစွာတွေးမိလေသည်။
သူမလေး ရှေ့ဆက်ပြီး အိမ်ထောင်ရေးကံကောင်းဖို့က သူ့ခေါင်းပေါ်ရောက်နေပြီမလား။

တို့နှစ်ယောက်ရဲ့ကောင်းကင် - The Sky that Two of UsWhere stories live. Discover now