The Sky that Two of Us 26

7.1K 193 0
                                    

တို့နှစ်ယောက်ရဲ့ကောင်းကင် ( part - 26 )
↔↔↔↔↔↔↔↔↔↔

"ဒါ ကို့အဖေ ဦးနေသူတဲ့"

ရင့်ကျက်တည်ငြိမ်သောပုံစံဖြင့် ကိုနှင့်ရုပ်ချင်းဆင်သည့် ဦးလေးကြီးက နွေးထွေးစွာပြုံးပြီး ခေါင်းညိတ်ပြသည်။
ဦးနေသူဆိုသည့်လူကြီးအကြောင်း အများကြီးကြားဖူးထားသလို ဟိုအရင်က ကိုတို့အိမ်ကိုခဏတဖြုတ်ရောက်ခဲ့စဥ်ကလည်း ဆုံခဲ့ဖူးသည်။

"အဖေ သူက ကျွန်တော့်ကလေး နှင်းပွင့်ကောင်းကင်"

"သည်းပြန်ပြီ နေမင်းဆက်ရာ ထိုင်… သမီးလေးရောထိုင်"

ကို့အဖေနှင့်တွေ့မှာဖြစ်ပေမယ့် ကိုက သူသဘောကျသည့်ပုံစံကိုပဲဝတ်ခဲ့ဖို့ပြော၍ နှင်းပွင့် ဇာဂါဝန်လက်ရှည်ဖြင့် မိန်းကလေးပီသနေ၏။
ဆံပင်တွေကို မျက်နှာပေါ်မကျအောင် အပြောင်သိမ်းပြီး ကလစ်လေးတွေကိုစီပြီးညှပ်ထား၍ လူကြီးဆန်နေသလိုပင်။

"သမီးနဲ့တွေ့ချင်နေတာကြာပြီ ဒီလိုကောင်ကို အရည်ပျော်သွားအောင် လုပ်နိုင်လို့လေ"

"အဲ့လောက်လည်းမဟုတ်ပါဘူး Hee!!"

လည်ပင်းလေးကိုပွတ်လိုက်ရင်း နှင်းပွင့်ရယ်လိုက်ကာ ကို့ကိုမော့ကြည့်တော့ ကိုက ဘေးမှာဝင်ထိုင်ပြီး ဝိုင်ခွက်တွေမှာ ဝိုင်ထည့်ပေးသည်။
ကို့အဖေပိုင်သည့် Hotelက ဘာတွေလဲမသိပေမယ့် ဒါကိုလည်း ပိုင်သည်ထင်၏။
ကိုတို့သားအဖ ထိုင်နေပုံ၊စားသောက်ပုံတွေက ကိုယ့်အိမ်ကိုယ့်ယာလို သက်သောင့်သက်သာရှိပြီး waiter ၊ waitressတွေကလည်း နှင်းပွင့်ကိုကြည့်နေကြ၏။

"ဘာစားမှာလဲ ချာတိတ် ဒီက Beefsteak စားလို့ကောင်းတယ်"

"အာ့ဆို အဲ့ဒါပဲ"

"အဖေကရော"

"အဖေ ညစာမစားဘူး ငါ့သား အသီးဖျော်ရည်ပဲ"

"Okဗျာ ဒါဆိုညီလေး Beefsteakနှစ်ပွဲ သီးစုံဖျော်ရည်တစ်ခွက် သကြားလျှော့ပေးနော် အချိုပွဲထဲမှာ ပိန်းဥရေခဲမုန့် ပြီးတော့ စတော်ဘယ်ရီကို အချိုလျှော့ပြီးရေခဲနည်းနည်းနဲ့သုတ်ပေး"

နှင်းပွင့်ကြိုက်တတ်တာတွေကိုပဲ တန်းစီပြီးပြောသွား၍ စိတ်ထဲကြိတ်ပျော်သွားကာ ကို့ကိုပြန်ကြည့်တော့ ကိုက မျက်လုံးတစ်ဖက်မှိတ်ပြသည်။
ကို့အဖေကတော့ သားအကြောင်းသိနေဟန်ဖြင့် မမြင်ဟန်ဆောင်နေ၍ တော်သေး၏။
တော်တော်ကဲတဲ့လူ…

တို့နှစ်ယောက်ရဲ့ကောင်းကင် - The Sky that Two of UsWhere stories live. Discover now