The Sky that Two of Us 23

6.8K 201 2
                                    

တို့နှစ်ယောက်ရဲ့ကောင်းကင် ( part - 23 )

↔↔↔↔↔↔↔↔↔↔


"ဒါဆို သမီးဘက်ကဒီကောင်လေးနဲ့ပဲ လက်ထပ်ချင်တာ သေချာတယ်ပေါ့"


ဒက်ဒီမေးသည့်စကားအဆုံးမှာ နှင်းပွင့်ခေါင်းလေးညိတ်ပစ်လိုက်သည်က တွေဝေခြင်းမရှိ။

အန်တီသစ္စာကလွဲ၍ ကျန်မိသားစုဝင်တွေအားလုံးရှိနေကာ ကို့အကြောင်းကို မေးနေသည့်ဒက်ဒီ့ပုံစံက ကို့လိုလက်ခံသည်လား။


"နောက်တစ်ပတ်ထဲမှာ မြင့်မိုရ်နဲ့ လေချိုသွေးရဲ့ လက်မှတ်ထိုးပွဲရှိတယ် ကောင်လေးကိုခေါ်လိုက်"


နှင်းပွင့်ရင်ထဲလှပ်ခနဲဖြစ်သွားပြီး ဟန်မဆောင်နိုင်စွာ ပြုံးပျော်သွားရင်း ဒက်ဒီ့ကိုယ်ကြီးကို ပြေးဖက်လိုက်မိသည်အထိ။

ဒက်ဒီကလည်း အခုမှပြုံးကာ နှင်းပွင့်ဆံပင်တွေကိုသပ်ရင်း ခေါင်းလေးကိုဖွဖွလေးပွတ်သပ်သည်။


"ဒက်ဒီတောင်းပန်ပါတယ် သမီးကိုစိတ်ဒဏ်ရာတွေ ပေးမိလို့"


"နှင်းပွင့်လည်းတောင်းပန်ပါတယ် တကယ်ကလေ သေချင်လို့လုပ်ခဲ့တာမဟုတ်ပါဘူး ခြိမ်းခြောက်ချင်လို့လည်းမဟုတ်ပါဘူး ဒီအတိုင်း"


နှင်းပွင့်စကားရပ်သွားကာ ဘာပြောလို့ပြောရမှန်းမသိ။

Hotelအဝင်မှာတွေ့ခဲ့သည့် ကို့မျက်နှာကအေးစက်မှုတွေက မိတ်ကပ်လိမ်းနေသည့်တစ်ချိန်လုံး ကတုန်ကယင်ဖြစ်စေသည်အထိ ဒုက္ခပေး၏။

ကို ဘာမှမခံစားရဘူးလား ဆိုသည့်အတွေးတို့က စိတ်ကိုခြောက်ခြားလာစေကာ နှလုံးခုန်သံတွေမြန်လာသည်အထိ။


"ခေါင်မိုးပေါ်သွားဦးမယ် ခေါင်းတွေမူးလာလို့"

တို့နှစ်ယောက်ရဲ့ကောင်းကင် - The Sky that Two of UsWhere stories live. Discover now