ဦးအောင်ဇေယျအကြောင်းဟာ လီလီ့အတွက်
အရင်လိုမခက်ခဲတော့။သို့ပေမယ့် ဖဆပလနှင့်အတူ ပထမကမ္ဘာစစ်ကြီးဟာလည်း ခက်ခဲနေပြန်သည်။ လီလီ့အတွက် ခက်ခဲစရာတွေပိုများလာသည်။လီလီဟာ ကျောင်းစာတင်ခက်ခဲပူပန်ရသည်မဟုတ် ကိစ္စအချို့ကိုပါ စိုးရိမ်လာရပြီဖြစ်သည်။ အိမ်ကိစ္စတွေကိုပါ စိုးရိမ်လာရလေပြီ။ ဖေဖေနှင့်မေမေက ဘာမပြောပေမယ့်
မေမေ့နားကပ် ချွတ်ပေါင်ပြီး ကိုကို့ ကို ပိုက်ဆံပို့ရသည်များကို ရိပ်စားလာမိပြီ။ ငယ်ငယ်ကတည်းက ထိုသို့လားဟု လီလီ တွေးမိသည်။ ဟုတ်ရင်လည်းဟုတ်လိမ့်မည် လီလီမသိခဲ့တာ ဖြစ်ကောင်းဖြစ်လိမ့်မည်။အခုတော့လီလီ ဘာမှသိပ်မပူဆာတော့ သိတတ်နားလည်လာသော
လီလီသည် ဖေဖေနှင့်မေမေ၏အပူများကို ရိပ်စားမိလာပြီး လီလီ့ထံသို့လည်း ထိုအပူများ ကူးစက်လာလေပြီ။*****
လီလီ ကိုယ့်ဟာကို မှန်ထဲပြန်ကြည့်မိသည်။ အပျိုသွေးကြွနေသည့်လီလီသည် ကလေး ပုံစံလည်းမပျောက်သေးသည့်အတွက် အတော်အတန်လှနေပေမယ့် ကလေးမူလည်းမပျောက်ချစ်စရာကောင်းနေသည်။ မျက်နှာခပ်ဝိုင်းဝိုင်း၊နှုတ်ခမ်းသွေးရဲရဲ၊ပါးဖောင်းဖောင်းရဲရဲလေးနှင့်အတူ လီလီ့ရဲ့ ခန္ဓာကိုယ်ဟာလည်း ပြောင်းလဲလာပြီဖြစ်သည်။ ခပ်စူစူ ရင်ဘတ်၊အနည်းငယ် ဝှိုက်သွားပြီဖြစ်သော ခါးနှင့် မိန်းမတွေရဲ့ တစ်လတစ်ခါဖြစ်ရိုးထုံးစံဆိုတာကိုလည်း လီလီ ခံစားနေရပြီဖြစ်သည်။ ထိုအရာကို ဓမ္မတာလာခြင်းဟုခေါ်ပြီး မေမေကတော့ လီလီ့ကို ယောကျာ်းလေးတွေနားမကပ်ဖို့ပြောသည်။
လီလီ သေချာမသိနားမလည်သော်လည်း လီလီ့အတွက် ယောကျာ်းတွေက ကြောက်စရာကောင်းလို့ မကပ်ရသည်ဟု ထင်မြင်လာမိပြီး ကြောက်စရာတစ်မျိုးတိုးလာပြန်သည် ။လီလီ ဝမ်းသာခြင်းကို ခံစားနေရသည်။လီလီ့အတွက် ဝမ်းသာခြင်းကို ခံစားရသည်က များပါသည်။ စာမေးပွဲတွင် ဂုဏ်ထူးရလို့ ဝမ်းသာရခြင်း၊ဖေဖေကမုန့်ဖိုးအများကြီးပေးလို့ ဝမ်းသာရခြင်း၊သူငယ်ချင်းတွေနှင့် စကားတွေပြောရင်း ဝမ်းသာရခြင်း တွေစသည်ဖြင့် လီလီ ခံစားဖူးသော်လည်း ယခုကဲ့သို့ မခံစားဖူးပေ။ ဝမ်းသာခြင်းဆိုတာထက် ဒီခံစားမှုမျိုးကို လီလီတစ်ခါမှ မခံစားဖူးသည့်အတွက် အမည်မဖော်တတ်ပေ။ အတန်းဖော်ကောင်လေးက လီလီ့ကိုချစ်ရေးဆိုခြင်းဖြစ်သည်။ လီလီ မျက်နှာတွေရဲတောက်အောင် နီရဲပြီးပူနေလေသည်။ ရှက်လည်းရှက် ဘာလုပ်ရမလဲမသိတော့တာကြောင့် ငိုလည်းငိုချင် ။ဆရာမနှင့်သာပြေးတိုင်လိုက်ချင်တော့သည်။သို့သော် လီလီ မတိုင်လိုက်ရ ကျောင်းတက်ခေါင်းလောင်းထိုးသွားပြီဖြစ်သောကြောင့် ။
မေမေ့ကိုပြောပြတော့ မေမေက လီလီ့ကို
စစ်လားဆေးလားလုပ်သည်။ ရည်းစားမထားရဘူးဟု အတွင်တွင်မှာသည့်အပြင် မကြွရဘူး
မရွရဘူး ဟုလည်း ထပ်ဖန်ထပ်ဖန် မှာပြန်သေးသည်။ လီလီဘာလုပ်လုပ် ဘယ်သွားသွား မေမေက မျက်စိဒေါက်ထောက်လိုက်ကြည့်သည်။ ထို့ကြောင့်လီလီက အတင်းတားလေ ပိုလုပ်လာချင် ဖြစ်လာသည်။ သို့သော် လီလီ မလုပ်ဖြစ်လိုက် လီလီ့စိတ်ထဲတွင် လုပ်ချင်နေသောအရာကို ဦးနှောက်က တွေးခေါ်ပြီးတားလိုက်သောကြောင့်ဖြစ်သည်။ထိုသည်မှာ လီလီ့အသက်အရွယ်နှင့် ထိုကိစ္စသည် မအပ်စပ် ဟူ၍ ဖြစ်သည်။Chibi_Chibi
14.7.2022(Thurs)(လီလီ က ဒီအရွယ်မှာ ရည်းစားထားတာ
မကောင်းတဲ့အရာလို့ တွေးလိုက်တာ မဟုတ်ဘဲ
ဒီအရွယ်မှာထားတာ လီလီ့အတွက် အချိန်မကျသေးဘူးလို့ လူကြီးဆန်ဆန် တွေးလိုက်တာပါ)
YOU ARE READING
Lily
Short Storyလီလီ့အတွက် လူဆိုတာ ငိုဖို့ရယ်ဖို့မွေးဖွားလာသလိုဘဲ တစ်ခါတစ်လေ ရယ်မယ် တစ်ခါတစ်လေ ငိုမယ် ကြာတော့ လီလီ ထွက်ပြေးချင်မိသည် သို့သော်လည်း.... ငိုတစ်လှည့် ရယ်တစ်လှည့်လူ့ဘဝကို အနိုင်တိုက်ရမည်။ မဟုတ်လျှင် အနှစ်အရသာ မရှိတဲ့လူ့ဘဝကြီး ဖြစ်သွားပေမည် မဟုတ်ပါတကား...