လီလီ ဖုန်းကိုင်ရဲလေပြီ။ အရင်က မေမေကြောင့်အမျိုးတွေနှင့် ပြောရလျှင် ဘာမှမမှတ်မိလိုက်သည်ကများသည်။လီလီ့အထင် လီလီကြောက်လို့
မမှတ်မိသည်ဟု ထင်မိသည်။အခုတော့ သူငယ်ချင်းများနှင့် ဖုန်းပြောနိုင်လာပြီ ဖြစ်သည့်အပြင် ကားလမ်းကူးခြင်း နှင့် စားပွဲထိုး လှမ်းခေါ်ခြင်းကို လုပ်နိုင် ပြီဖြစ်သည်။ လီလီ ယခုတော့ နားလည်လာလေပြီ။ စက်ဘီးမစီးရဲခြင်း နှင့် စားပွဲထိုးကိုလှမ်းမခေါ်ရဲခြင်းဟာ မတူညီသည့် အကြောက်တရားကြောင့်ဆိုတာကို။
လီလီ့အတွက် စက်ဘီးစီးသင်ရာတွင် မှောက်မည်ဆိုးကာ လီလီ့ထံတွင် အနာတရ ဖြစ်မှာကြောက်ခြင်းဖြစ်ပြီး စားပွဲထိုး လှမ်းခေါ်ရမှာကြောက်ခြင်းသည် လူတွေအများကြီးကြားထဲ အော်ခေါ်လျှင် မကြားဘဲနေမလား လီလီ့ကိုလူတွေစိုက်ကြည့်နေမလားဟုတွေးမိပြီး မဝံ့မရဲဖြစ်ကာ လူတွေကို စိတ်လှုပ်ရှားကာ ကြောက်မိခြင်းဖြစ်သည်။လီလီ့အတွက် ထိုအကြောက်တရား နှစ်မျိုးကို ရင်ဆိုင်ကျော်ဖြတ်လာနိုင်ပေမယ့် မကျော်ဖြတ် နိုင်သည့် အကြောက်တရား ရှိပေသေးသည်။လီလီတို့ထံတွင် အကြောက်တရားတွေ စုနေတတ်ပြီး အဲ့ဒီ အကြောက်တရားတွေကလည်း အမျိုးအစားကွဲသွားကြသေးသည်။ တစ်ချို့အကြောက်တရားတွေကို ရင်ဆိုင်နိုင်ကြပြီး တစ်ချို့အကြောက်တရားကိုတော့ ရင်မဆိုင်ရဲကြပေ။
တစ်ချို့ကိုတော့ ရင်ကိုရင်မဆိုင်ရဲနိုင်ကြပေ။ ထို့ကြောင့် လီလီ့ကို ကိုကိုတို့က ကားလမ်းကူးတာဟာ ကြောက်စရာမဟုတ်ဘူးလို့ပြောခဲ့သည်နှင့်တူသည်။ အခု လီလီ နားလည်လာပေမယ့် ထိုအရွယ်တုန်းက လီလီ့အတွက် ကားလမ်းကူးခြင်းဟာ ကြောက်စရာ အရာတစ်ခုသာ။ ဒါပေမယ့်
လီလီကသာ မကြောက်တော့တာ လီလီ့သူငယ်ချင်းက ကားလမ်းကို ယခုထိ တစ်ယောက်တည်း မကူးရဲပေ။ငယ်ငယ်က
အက်ဆီးဒင့်ဖြစ်ဖူးသောကြောင့်ဟု ဆိုသည်။
ထိုသို့ဆိုတော့ အမျိုးမျိုးပါလား ဟုတွေးမိသည်။
လီလီ့သူငယ်ချင်းသည်လည်း လီလီ ရေကြောက်သလို ဖြစ်တာပါလားဟု တွေးမိသည်။ လီလီသည်လည်း ငယ်ငယ်က ရေနစ်မလိုဖြစ်ဖူးသည်။ လီလီက ရေကိုကြောက်ကြောင်း ပြောလျှင် ရင်ဆိုင်ဖို့ပြောကြသည်။သို့သော်လီလီရင်မဆိုင်ရဲ ရေနစ်သည့်နေ့ကခံစားချက်ကိုပြန်ရမည်ကိုကြောက်သည် လီလီ မကျော်လွှားနိုင်။ထို့ကြောင့် လီလီ့သူငယ်ချင်းကို ကျော်လွှားဖို့လည်း
မပြောပေ ။
ထို့အပြင် လီလီသည် ယောကျာ်းလေးဆိုတာ ကြောက်စရာမဟုတ်မှန်း သိမြင်လာပြီး မေမေက ဖြဲခြောက်ခဲ့ကြောင်းကိုလည်း သိလာပြီဖြစ်သည်။*****
မြန်မာစာကလွဲ အကုန် အင်္ဂလိပ်လိုကျက်ရသော်လည်း လီလီ မခက်ခဲတော့။ လီလီ့အတွက် ခက်ခဲနေသည်မှာ ငွေ ။ ဖေဖေနှင့်မေမေဆီမှ ခဏခဏတောင်းရသောကြောင့် လီလီ အားနာလာတတ်လေပြီ။လီလီစိတ်ထဲတွင် ပိုက်ဆံဆိုတာ အရေးပါကြောင်းသိလာသည့်အပြင် ပိုက်ဆံဆိုတာ ရှာရခက်ကြောင်းလည်းသိနှင့်နေပြီ ဖြစ်သည်။ လီလီလည် ပိုက်ဆံရှာချင်သည်။ သို့သော် ရှာမရ လီလီ စာကြိုးစားရပေဦးမည်။
လီလီစာတွေ လုပ်ရသည့်အတွက် တစ်နေ့တစ်ခြား
လီလီ့ရုပ်ကြီး အိုစာလာသလို ခံစားရသည်။ မိုးလင်းကနေမိုးချုပ်စာလုပ်ရသည်။ ယောကျာ်းလေးတွေကိုအားကျသည်။ သူတို့နေချင်သလိုနေကြသည် အရိုက်ခံရလျှင်လည်းအေးဆေးနှင့်ပြီးသွားကြသည်။ သို့သော် မိန်းကလေး တစ်ချို့စာမရလျှင် မိန်းကလေးဖြစ်ပြီးတော့ မရှက်ဘူး လားဟု ပြောတတ်သည်။
ဒါတော့ လီလီနားမလည်မဖြစ်တော့ လီလီအပျိုဖော်ဝင်စကတည်းက မေမေကတစ်မျိုး ဒေါ်ဒေါ်တို့ကတစ်မျိုး မိန်းကလေးဆိုတာ ဣန္ဒြေ ရှိရမည် မိန်းကလေးဆိုတာ အကျယ်ကြီးမရယ်ရဘူး မိန်းကလေးဆိုတာဟင်းချက်တတ်ရမယ် စသည်ဖြင့် ပြောတတ်ပေမယ့် ယောကျာ်းလေးဆိုလျှင်တော့ ယောကျာ်းလေးဆိုတာ မငိုရဘူး ယောကျာ်းလေးဆိုတာ သတ္တိရှိရတယ် ဇရှိရတယ် ယောကျာ်းလေးဆိုတာ မီးဖိုချောင်နှင့်မအပ်စပ်ဘူး ဟုပြောတတ်ကြသည်။ သို့သော် ထိုသူတို့ကဘဲ လူလူချင်းဘဲ ပခုံးနှစ်ဖက်ကခေါင်းပေါက်တာ တူတူဘဲဟု ပြောတတ်ပြန်သေးသည်။ လီလီ နားမလည်နိုင် ဘာမှမကွာ ဘူးဟုပြောပြီး ချွင်းချက်တွေက ရှိသေး၏။ သို့သော်လီလီ ထပ်ဆင့်ထပ်ဆင့်မတွေးမိတော့။ကိုယ်တိုင်ပိုက်ဆံရှာဖို့ရာ မတတ်နိုင်သည့်အတွက် ဖေဖေ့ဆီမှ တောင်းရပေဦးမည်။
Chibi_Chibi
16.7.2022(Sat)စားပွဲထိုးလှမ်းမခေါ်ရဲတာတို့၊ ဖုန်းမကိုင်ရဲတာတို့အဲ့ရေးထားတာလေးတွေက တကယ်ကြောက်တဲ့သူတွေ ရှိပါတယ် တကယ်မြင်လည်းမြင်ဖူးပါတယ် မဝံ့ရဲကြတာပေါ့နော် ကိုယ်လည်း ဖုန်းမကိုင်ရဲပါဘူး ဘယ်လောက်ဆိုးလဲဆို ဘာပြောပြော
မမှတ်မိတာပါ အဲ့တာကြောင့် auto recordလုပ်ထားရပါတယ် အခုတော့ ပျောက်သွားပေမယ့် တစ်ချို့ကျ ရင်မဆိုင်ရဲတာ ရင်မဆိုင်နိုင်တာတွေက ဖြစ်တတ်ပါတယ် ။
YOU ARE READING
Lily
Short Storyလီလီ့အတွက် လူဆိုတာ ငိုဖို့ရယ်ဖို့မွေးဖွားလာသလိုဘဲ တစ်ခါတစ်လေ ရယ်မယ် တစ်ခါတစ်လေ ငိုမယ် ကြာတော့ လီလီ ထွက်ပြေးချင်မိသည် သို့သော်လည်း.... ငိုတစ်လှည့် ရယ်တစ်လှည့်လူ့ဘဝကို အနိုင်တိုက်ရမည်။ မဟုတ်လျှင် အနှစ်အရသာ မရှိတဲ့လူ့ဘဝကြီး ဖြစ်သွားပေမည် မဟုတ်ပါတကား...