ငိုသည့်လီလီ

19 0 0
                                    

လီလီ ငိုနေလေသည်။
အမှန်တိုင်းပြောရလျှင် လီလီ ထပ်ငိုနေခြင်းဖြစ်သည်။
ခဲတံပျောက်လို့ ငိုသည့် လီလီ ၊ အက္ခရာ ရေးတာမှားလို့ ငိုတဲ့လီလီ၊စာမကျက်နိုင်လို့ ငိုသည့်လီလီ၊ရချင်တဲ့ကစားစရာမရလို့ ငိုသည့်လီလီ
အမြဲငိုနေသည့် လီလီသည် ယခုတစ်ခေါက်လည်း ခဲဖျက်ပျောက်လို့ ငိုပြန်လေပြီ။

လီလီဟာ အကြိမ်‌ပေါင်းများစွာ ငိုကြွေးပြီးလေပြီ။
လီလီ့ရဲ့အမေကတော့ ဒါလေးက ဘာမှမဟုတ်ဘူး
ငိုစရာမဟုတ်ဘူးလေကွယ် ဆိုပြီး ပြောရတာလည်း အကြိမ်‌ပေါင်းမနည်းတော့ချေ။ ဒါပေမယ့် လီလီ သည် အမေ့စကားနားမထောင် ငိုမြဲငိုစဲသာ။ လီလီ့အတွက် ခဲဖျက်ပျောက်ခြင်းဟာ အစိုးရိမ်ရဆုံးကိစ္စတစ်ခုဖြစ်သလို အက္ခရာ တွေမှားရေးခြင်းဟာလည်း ကမ္ဘာပျက်တာထက်ပိုဆိုးပေသည်။ သို့သော်လည်း မေမေ ကတော့
ဘာမှမဟုတ်သည့် ကိစ္စလို့ပြောသည် ။အမေကဘာလို့ထိုသို့ပြောလည်းနားမလည် အမေများ ဒီကိစ္စကို မသိနားမလည်လေရောလား။

*****

ကိုကို ငိုနေလေသည်။ ဒီတစ်ခါတော့ မေမေ့စကားပြောင်းသွားလေပြီ။ ယောကျာ်းလေးဆိုတာ မငိုရဘူး တဲ့ ။မေမေက လီလီ့ကိုချော့မော့ပြောဆိုသလို ကိုကို့ကို မပြော ထိုစကားကိုသာ အတွင်တွင် ပြောနေလေသည်။ လီလီနားမလည် လီလီ့စိတ်ထဲတွင် ကိုကို့ကို သနားလာသည်။ဖြောင့်ဖြောင့်မငိုရဘဲ အဆူတစ်လှည့် အပြောတစ်လှည့်သာခံနေရသည်။ ဒီတစ်ခါ ဖေဖေပါ ပါသည်။ ကိုကိုက ကြိတ်မှိတ်ပြီး ငိုချင်‌‌နေခြင်းကို အောင့်အည်းနေရသည်။ ငိုလျှင် ပိုဆူသည် မငိုရဘူးပြောသည်။ သနားစရာကောင်းလိုက်တဲ့ ကိုကိုပါလား။ လီလီ့ရဲ့ပြဿနာအကြီးကြီးကိုလည်း ဘာမဟုတ်ဘူးပြောသည့်အပြင် ကိုကို့ရဲ့ ငိုခြင်းကို ပိတ်ပင်‌နေသည့် ဖေဖေနှင့်မေမေကို လီလီနားမလည်တော့ချေ။

Chibi_Chibi
11.7.2022(Monday)

LilyWhere stories live. Discover now