PART 2

2.2K 185 9
                                    

သက်ရှိအရုပ်

အပိုင်း 2 (စတင်တွေ့ဆုံခြင်း)

Taemin က Jimin အနားကို ပြေးလာခဲ့သည်။ သူမျက်နှာမှာလဲစိုးရိမ်စိတ်တွေ
ပြည့်နေခဲ့သည်။

"အဆင်ပြေရဲ့လား....".

ကျွန်တော့်သူငယ်ချင်းမှာ ပြာယာယာဖြင့် အခုလို အရမ်းစိတ်ပူနေတာကို မြင်လိုက်တေယ့ကျွန်တော်ကိုယ့်စိတ်ကိုယ်ထိန်းကာဖြင့် အရင်နေလိုက်သည်။

ခေါင်းလေးညှိမ့်ပြကာ
ကျွန်​တော်အဆင်ပြေကြောင်းပြသည်။

နာအွန်းလဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့မိသည်။

အရင်ဆုံး Jimin ကို ခေါ်ထုတ်သွားသည်။

~~~~~~~~~~🍀🍀🍀🍀🍀~~~~~~~~~~

ဂိုဂူလျော ပြည်မကြီးရဲ့အရှင်ဘုရင်ဟာ
အင်အားကြီးလှသည်။

ဘုရင်ဟာ အမျက်ထွက်ရင်လဲ ကြောက်စရာကောင်းလှသူမို့...မူးမတ်တွေရော နန်းတော်ကသူတွေကပါ အရမ်းကြောက်ကြရသည်။

ရှင်ဘုရင် ညီလာခံမှာ
အမျက်တော်ရှတာမို့.....မူးမက်တစ်ယောက်လဲ ဒီနေ့ပင် ခေါင်းပြတ်သွားရသည်။

မည်မျှပင်ဒေါသကြီးသူဖြစ်ပါစေ တိုင်းသူပြည်သားတွေပေါ် အရမ်းကောင်းတယ့်ဘုရင်တစ်ပါးပင်။

အခုလဲ သူ့ချစ်တယ့်သူကို မိဖုရားမြောက်ဖို့ သဘောမတူလို့သတ်ပြစ်လိုက်တာပင်။

သူချစ်နေတယ့်သူက ယောက်ျားသားတစ်ယောက်မို့ မူးမတ်တွေက မသင့်တော်ကြောင်းလျှောက်ကြသည်။

"ဒါဆို...ကိုယ်တော် ဘာလုပ်သင့်လဲ "

အမတ်ချုပ်ကြီးက ကျန်တယ့်အမတ်တွေခေါင်းမပြတ်အောင်အကြံပေးသည်။

"အရှင်မင်းကြီး....မိဖုရားမြောက်ရင် နန်းတွင်းကိုသာ သိခွင့်ပေးပြီး.....ပြည်သူတွေမသိအောင်လျို့ဝှက်ထားစေချင်ပါတယ်...မိဖုရားခေါင်ကြီးအား...မိန်းကလေးတင်မြှောက်ပြီး...
အိမ်ရှေ့စံမင်းသားလေးဖွားမြင်ပေးသင့်ပါတယ်....ဘုရား...."

ရှင်ဘုရင် သေချာတွေးကြည့်မိတော့
အမတ်ချုပ်ကြီး ပြောတာ အကျိုးသင့်အကြောင်းသင့်ရှိသည်။

သက်ရှိအရုပ်လေးWhere stories live. Discover now