သက်ရှိအရုပ်
အပိုင်း 11 (မထင်ထားတယ့် အမှန်တရား)
ရှင်ဘုရင်ရဲ့ သူလျိုတစ်ယောက်ဟာ ရှင်ဘုရင်ဆီအခစားဝင်လိုက်သည်။
"အရှင်မင်းကြီး....စစ်သူကြီးနဲ့ မိဖုရား ထွက်ပြေးဖို့ကြံစည်နေကြောင်းပါ"
ရှင်ဘုရင်က သူလျိုအားထွက်သွားရန် လက်ယက်ပြသည်။
"ငါလို ရှင်ဘုရင်က အရာအားလုံး ပြည့်စုံနေပေမယ့် မင်းအချစ်ကို ဘယ်တုန်းကမှမရခဲ့ဘူးပါလား....မင်းသူ့ကိုပြုံးပြလိုက်တိုင်းငါအားကျလို့သေနိုင်တယ်...မင်းအပြုံးကြောင့် ငါအချိန်တိုင်းမသိချင်ယောင်ဆောင်နေခဲ့ပေမယ့်...ငါလက်ထဲကထွက်ပြေးဖို့အထိဘယ်လိုသတ္တိရှိနေ
တာလဲ..."ပြောရင်း မျက်ရည်တွေက ကျလာခဲ့သည်။ဒီမျက်ရည်တွေထဲမှာ ဝမ်းနည်းမှု အားကျမှု မနာလိုမှု အမျက်ဒေါသတွေပါ ပါဝင်နေပြီ နာကျင်မှုတွေပေ။
မိဖုရား က မိဖုရားခေါင်ကြီးကိုတွေ့နေသည်။
"မိဖုရား ကြည့်ရတာ အခုတလော စိတ်ချမ်းသာနေတယ်နော်..အရင်ကလိုမဟုတ်ဘူး"
မိဖုရား က ဘာမျှမပြော မိဖုရားခေါင်ကို ဖတ်လိုက်သည်။
"ဟင်..."
မိဖုရားခေါင် က မိဖုရားကို ပြန်ပွေ့ဖတ်လိုက်သည်။
ဒီလို လောဘဒေါသမောဟ တွေနဲ့
ပြည့်နှပ်နေသည့် နန်းတော်ကြီးမှာ
မိတ်ဆွေဆိုလို့သူတစ်ယောက်ပဲရှိခဲ့သည်
မလား။ရုတ်တရက်နှုတ်ဆက်ခံနေရသလို
မိဖုရားခေါင်ခံစားနေရသည်။မိဖုရား က သူမသွားမှီ သူ့သွေးတွေကိုဖောက်ထုပ်ကာ ကြွေပန်းကန်လုံးကြီး ထဲကို ထည့်သည်။
သူမရှိတုန်း ရှင်ဘုရင် တစ်ခုခုဖြစ်ရင် သူ့သွေးကိုသုံးစေချင်သည့်အတွက်ကြောင့်
ကြွေပန်းကန်လုံးကြီးသွေးအပြည့်အား ဖုံးကာ ရှင်ဘုရင်အတွက်ထားခဲ့သည်။
သူ့သွေးတွေဆုံးရှုံးလိုက်မှုကြောင့်လူမှာ အားရယ်လို့ကိုမကျန်တော့ပေ။
သူ့သွေးက အမြဲရှင်သန်သည့်သွေးပင်။သွေးက ပုပ်သွားတာမျိုး ညစ်ညမ်းတာမျိုးလုံးဝမရှိပေ။