သက်ရှိအရုပ်
အပိုင်း 5 (ထိပ်တိုက်တွေ့ကြပြီ)
"Jimin hyung...ဝိုင်..."
"အရင်လိုပဲခေါ်ပါ..hyung ကြီးထည့်မခေါ်ပါနဲ့"
"Ok..."
"ဝိုင်..."
"အွန်း...သောက်မယ် "
Jimin က ဝိုင်ကို တစ်ကျိုက်တည်းမော့
ချလိုက်သည်။ယောင်း က သူ့ကို ကြည့်ပြီးပြုံးလိုက်သည်။
Jimin က ဝိုင်အရမ်းကြိုက်သည်
ဒါပေမယ့် မသောက်နိုင်ဘူး...သုံး လေးခွက်အပြီး...
ပါးလေးက သိသိသာသာရဲလာသည်။မျက်နှာလေးကဖောင်းဖောင်းလေးဖြင့်နှုတ်ခမ်းလုံးလုံးလေးကာဆူကာ
မူးမူးတူးတူးလေးပြောသည်။
"ယောင်း...အိမ်ပြန်မယ်...""ok..ယောင်း လိုက်ပို့မယ် "
ယောင်း က သူ့ကိုခါးကနေတွဲကာထူသည်။
ယောင်း က ယိုင်တိုင်ယိုင်တိုင်နဲ့ သူ့ကို
ဒူးအောက်ကနေလျိုကာချီလိုက်သည်။Jimin က အလိုက်သင့် ယောင်းဂုတ်ကိုချိတ်တွယ်လိုက်သည်။
မူးမူးရူးရူးနဲ့ ယောင်းကိုကြည့်ကာ
"ယောင်း က ချောလိုက်တာ"
ပြောကာ ယောင်းပါးပြင်လေးအား အိစက်စက်နှုတ်ခမ်းလေး ဖြင့်ထိကပ်လိုက်ချိန် ရင်ထဲ လျှပ်ကူးသွားသလိုခံစားချက်
ထိကပ်နေတာ အချိန်တော်ကြာပင်...
ပြီးမှ ယောင်းက သူ့အားချီကာ ဆိုင်ထဲကထွက်လာခဲ့သည်။
သူ့အရုပ်လေးကိုချီပြီးထွက်လာတယ့် Tae ကြောင့် Jungkook ကားထဲက
ထွက်လာရသည်။Taehyung ရှေ့ပိတ်ရပ်ကာ
"ငါခေါ်သွားလိုက်မယ်"
Tae က ကြောင်သွားသည်။
"မင်းနဲ့ဘာဆိုင်လို့လဲ"
"သူက ငါရဲ့ personal Secretary ငါ့အိမ်မှာပဲနေတယ်...မင်းလာမရှုပ်နဲ့"
"......"
Jungkook က Tae လက်ထဲက အကောင်ပေါက်ကိုသူ့လက်ဖြင့်လုကာချီလိုက်သည်။