သက်ရှိအရုပ်
အပိုင်း 12
ဘယ်လိုပဲ ပြေးစေကာမူ နောက်ဆုံးတော့ရှင်ဘုရင်လက်ထဲသာပြန်ရောက်သွားရသည်။
နောက်ဆုံးထွက်ခွာချိန်လေးအတွင်း....
"အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ခန္ဓာကိုယ်သာ ပိုင်ဆိုင်ရတာပါ"
"ကျွန်တော်မျိုးရဲ့ အချစ်ကို တစ်ကြိမ်တစ်ခါတောင်မပိုင်ဆိုင်ခဲ့ရပါ"
"ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အသုံးတော်ခံ သက်ရှိအရုပ်တစ်ခုပါ"
"ကျွန်တော်မျိုး တာဝန်ကျေပွန်ခဲ့ပါရဲ့လား......ကျေနပ်အားရခဲ့ပါသလား
အရှင်မင်းကြီး......"နောက်ဆုံးချိန် မိဖုရားခေါင်ကြီးဆီစာတစ်စောင်ရောက်လာခဲ့သည်။
မိဖုရားခေါင်က ထိုစာကိုဖတ်ကာဖြင့်မျက်ရည်တွေဝဲတတ်လာခဲ့သည်။
ဒီစာထဲမှာ သူရဲ့နောက်ဆုံး ဆုတောင်းပင်။
❤❤❤❤❤❤❤❤❤❤❤❤❤
နာအွန်းက ထိုနေရာမှာ မက်တပ်ရပ်ကာ သူမ မျက်နှာက တည်ကြည်စွာပြောသည်။
"Jimin...က.. မိဖုရား မဟုတ်ဘူး...နင်တို့လဲနင်တို့ဆုတောင်းနဲ့သေဆုံးခဲ့သလို...မိဖုရား ကလဲ သူ့ရင်ထဲကနေဆုတစ်ခုတောင်းခဲ့တယ်.. အဲ့ဆုတောင်းက သူဘယ်တော့မှ ပြန်လည်မမွေးဖွားဖို့နဲ့..တစ်ဖန်မွေးဖွားခဲ့ရင်တောင် လူမဖြစ်ဖို့.
ဆုတောင်းခဲ့တယ်""..........."
အချိန်တွေရပ်တန့်သွားသလို အကုန်လုံး ကျောက်ရုပ်လိုရပ်တန့်သွားသည်။
"Jimin..က...ငါတို့သိခဲ့တယ့် မိဖုရားမဟုတ်ဘူး...သူက Jimin...
ဒီအတိုင်းသာမာန် Jimin ..."Jimin က တစ်ခုခုကိုတွေးတောရင်း
"နေပါအုံး..... ငါနားမလည်ဘူး..ဘာတွေပြောနေတာလဲ "
နာအွန်းက Jimin ကို အိမ်မက်တွေနဲ့ရှေ့ဆက်ဘာဖြစ်လဲဆိုတာကိုပြောပြသည်။
Jimin က တစ်စုံတစ်ခုကို နားလည်ပြီး မျက်ဝန်း က မျက်ရည်တွေဝဲတတ်ကာ
"ဒါဆို နင်တို့က ငါ့ကို အရင်ဘဝက
အရာတွေနဲ့လာရောနေတာပဲ...
တဂယ်လို့ ငါသာသူမဟုတ်ခဲ့ဘူးဆိုရင်
ဒါမျိုးတွေရှိမှာမဟုတ်ဘူးပေါ့"