#Unicode
နွေဦး၏မနက်ခင်းတွင် ရာသီဥတုမှာသာယာကာနေမင်းကလည်းထွက်စပြုလျက်။ နွေဦးဆိုသော်ငြားလည်း မနက်စောစောတွင်တော့ပူပြင်းမနေ ဆောင်းရာသီလိုလည်း အေးစိမ့်မနေဘဲ သင့်တင့်ကောင်းမွန်တဲ့ရာသီအချိန်အခါလေး။
ထိုသို့သာယာလှပသောမနက်ခင်းအချိန်အခါ...မြို့ငယ်လေးတစ်ခုတွင် စက်ဘီးကလင်သံ တစ်ခုသည် တညံညံ။
ထိုမြို့ငယ်လေးတွင် တစ်လမ်းဝင် တစ်လမ်းထွက်ကာ ကောင်လေးတစ်ယောက်သည် စက်ဘီးကိုမနှေးမမြန်လွန်းသောအရှိန်ဖြင့်နင်းလျက် ခြင်းတောင်းထဲကသတင်းစာလိပ်နှင့် နွားနို့ဘူး တို့အားခြံတိုင်းဆီသို့ ပို့ဆောင်နေလေသည်။မနက်စောစောလမ်းလျှောက်ထွက်လာသော အဘွားအိုအဘိုးအိုများသည် ထိုကောင်လေးအားမြင်သည်နှင့်မပြုံးဘဲကိုမနေနိုင်။
ကုန်းတက်ကုန်းဆင်းနင်းကာမောပန်းနေသော်လည်း ထိုအဘိုးအဘွားသာမက မြို့ငယ်လေးကတွေ့သမျှလူတိုင်းကိုစက်ဘီးပေါ်ကနေပြုံးပြကာ အသံဆာဆာဖြင့်နှုတ်ဆက်နေသောကောင်လေးတစ်ယောက်ကြောင့် မနက်ခင်းသည်အသက်ဝင်လျက်။"အူယူလေး ပြီးရင်အဘွားအိုကြီးဆီလာပါအုန်းကွယ် အိမ်မှာပဲငပိသိပ်ထားလို့ ပေးလိုက်ချင်လို့"
အူယူ..ထိုကောင်လေးအားတစ်မြို့လုံးကချစ်စနိုးဖြင့် ခေါ်သောနာမ်စားလေးတစ်ခု။ ဘာလို့ဆိုသူမွေးလာတဲ့အချိန်သည်ဆောင်းရာသီဖြစ်ပြီး မွေးလာကတည်းကသူ့အသားအရည်သည်လည်း ဖြူဥကာ နို့နုစ်လေးအတိုင်းမို့ အခုလိုနာမည်ခေါ်တွင်စေခြင်းဖြစ််သည်။ သူ့ကို အိုမားကိုယ်ဝန်လွယ်
သည့်အချိန်လောက်က ဒီကိုပြောင်းလာကြတာဟုအိုမားကပြောပြသည်။ သူမမွေးခင်တည်းက တစ်မြို့ငယ်လုံးရဲ့ချစ်မွှေးလေးတဲ့...မွေးလာတော့ ဖြူဥကာနီတာရဲလေးမို့ အူယူ အူယူနဲ့ပါးစပ်ဖျားကမချကြတော့။ သားအမိနှစ်ယောက်တည်းတစ်ယောက်ကိုတစ်ယောက်မှီခိုနေတဲ့သူတွေမို့ အကုန်လုံးကဝိုင်းဝန်းကူညီပေးကြပါသည်။ငယ်ငယ်ကညာစားလေးဆိုပေမယ့် အရွယ်ရောက်လာတော့ တစ်ဖန်ပြန်ကူညီရင်းကောင်းမွန်စွာ ကြီးပြင်းလာသည်ဆိုပါတော့။
