အပိုင်း - လေး

346 48 6
                                    

#Unicode

အဝေးပြေးလမ်းမပေါ်လည်းဖြစ်သလို ကားဆို
သည့်အရိပ်အ​ယောင်မှာကိုယ်တစ်စီးသာတွေ့ရသည်။ တစ်နာရီတစ်ခါလောက်တော့
ဖြတ်သွားဖြတ်လာ ကားတွေတော့ရှိပါသည်။ အခုတော့ ထိုလမ်းမပေါ်တွင် သူတစ်ယောက်တည်းသာ။ တစ်ယောက်တည်းဖြစ်လို့ကြောက်မယ်ထင်နေလား အရင်တည်းကဘဝကိုတစ်ယောက်တည်းနေပီးဖြတ်သန်းလာရတာဘဲ ဒီလောက်ကတော့ပမွှား​ပဲ။

လမ်းဘေးတစ်နေရာမှာရပ်ကာကားပေါ်ကဆင်းပြီး ကားရှေ့အဖုံးပေါ်သို့ခုန်တက်လိုက်၏။ လက်တစ်ဖက်ကိုလည်းခေါင်းအုံးသဖွယ်အုံးကာ လဲလျောင်းလိုက်သည်။
မျက်နှာရှေ့တည့်တည့်တွင်မြင်နေရသော ပုစွန်ဆီရောင်သန်းနေ သော ညနေခင်းအလှကိုတစ်ဝကြီးကြည့်နေမိသည်။


သူအခုအိမ်ကနေထွက်ပြေးလာနိုင်ခဲ့ပြီ။သို့သော် ဘာလုပ်ရမှန်းသူ မသိ။ ပြောရရင်ဘယ်ကိုရောက်နေလဲဆိုတာကအစသူ မသိပါ။ သက်ပြင်းအရှည်ကြီးချကာ မျက်လုံးတစ်စုံကိုပါခဏမှိတ်ချလိုက်သည်။

မိဘအရိပ်အောက်ကနေ မနေချင်လို့ထွက်လာတာမို့ အကောင်းဆုံးရပ်တည်ဖို့သူကြိုးစားရတော့မည်။ အနည်းဆုံးတော့ အမိန့် ဆိုတဲ့ဘောင်ကနေရုန်းထွက်နိုင်ခဲ့ပြီလေ။




နိုးလာတော့ မနက်တောင်ရောက်နေပြီ။ သူ ကားရှေ့အဖုံးပေါ်မှာတောင်ဖြစ်ကလဲ့ဆန်း အိပ်တတ်နေပြီပဲ။ ညောင်းညာနေသောခါးကိုဘယ်ညာချိုးကာ အပျင်းကြောဆန့်လိုက်သည်။ သူဒီအတိုင်းကြီးနေလို့မဖြစ်။ ကားပေါ်ကိုပြန်တက်ကာ တွေ့ရာလမ်းအတိုင်းမောင်းနှင်လာလိုက်သည်။

မောင်းရင်းလမ်းတစ်ဝက်လောက်အရောက် လမ်းမပေါ်တွင်ပစ်လဲကျနေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ လူဆိုးဖြစ်မှာစ်ိုး၍ ကားပေါ်ကနေမဆင်းဘဲကြည့်နေလိုက်သည်။ ခဏအကြာတော့ သူ မနေနိုင်တော့ အကယ်၍လူဆိုးသာဆိုလျှင် သူ့ကိုလာလုပ်နေမှာပေါ့။ အခုက လဲကျနေတာကနေထမလာတာကြောင့်သူကားပေါ်ကနေဆင်းကာ အနားသို့လျှောက်သွားလိုက်သည်။ သူသာကျော်သွားရင် အသက်ဆုံးရှုံးသွားနိုင်သည်။

ခါးပတ်ကိုဖြုတ်ကာ အပြင်သို့ဆင်းလာလိုက်သည်။ အနည်းငယ်တော့ စိုးရိမ်ပေမယ့် တစ်ပါးသောသူ အခုလိုအန္တရယ်ဖြစ်နေတာကိုတော့ မျက်ကွယ်မပြုနိုင်ပါ။
လဲလျောင်းနေသာ ထိုလူအနားသို့ချည်းကပ်လိုက်သည်။ အခြေအနေကိုကြည့်ဖို့ဟန်အပြင် ရုတ်တရက်ဆိုသလို ထိုလူမှာချက်ခြင်းပင်ထလာကာ ဘယ်ကရှိနေမှန်းမသိတဲ့ ဓားမြောင်ကိုထုတ်ပြီး သူ့ရဲ့လည်ပင်းကိုလာထောက်လေသည်။ လက်တွေကိုလည်းဖမ်းချုပ်ထား၏။

ကိုယ့်ရဲ့ 'အီသန်'Where stories live. Discover now