အနမ်းများထပ်တူကျပီးနောက်မှာတော့ နှစ်ယောက်သား ရှက်ပီး မျက်လုံးချင်းပင်မဆုံတော့။
"အဟွန်း ဒီအတိုင်းရပ်နေရင်ဖျားကုန်တော့မှာပဲ အခန်းထဲသွားပီး အဝတ်အစားလဲလာခဲ့ ...ကိုကို ထမင်းစားခန်းထဲမှာစောင့်နေမယ်"
ရုပ်တည်ကြီးနဲ့ သူ့ကိုယ်သူ ကိုကို ဟုသုံးသွားသော သူကြောင့် ဟီဆွန်းကြိတ်ပြုံးမိသည်။ နောက်ဆုံးတော့ ကိုကိုက သူ့ကိုခွင့်လွှတ်ပီထင်ပါရဲ့။
ဟီဆွန်းအဝတ်အစားလဲပီးထမင်းစားခန်းအဝမှာတင် ခေါက်ဆွဲပြုတ်မွှေးမွှေးလေးကြောင့် ဗိုက်တောင်ပိုဆာလာလေပီဖြစ်သည်။
တိတ်တိတ်လေး ကိုကို့အနားသို့သွားကာ ခါးကိုသိမ်းဖက်လိုက်တော့ လန့်သွားသောကိုကို
"ဪ လန့်လိုက်တာ အသံမပေးဘာမပေးနဲ့ "
ဆူသံလည်းမပါ ဒေါသသံလည်းမပါပဲ အေးဆေးစွာပြောလာပေမယ့် လူကိုလှည့်ကြည့်ပီး မျက်မှောင်ကြုတ်သွားသော ကိုကို ကြောင့် သူကစိတ်အနှောက်အယှက်များပေးမ်နေတာလားဟု တွေးမိနေတုန်း
ကိုကို့လက်တွေက သူ့ဆံပင်အဖျားလေးကိုတယုတယကိုင်ကာ
"ကျစ်! ဆံပင်တွေကိုခြောက်အောင်သုတ်မလာဘူးလား ဖျားတော့မှာပဲ "
ပြောရင်း အပြင်ခဏထွက်သွားသည်။ ခဏနေတော့ သဘက်တစ်ထည်ကိုင်ကာ ပြန်ထွက်လာသော ကိုကို။
"ကိုကိုက စိုးရိမ်လို့ပြောတာ ဖျားတာဘယ်လောက်နေရထိုင်ရခက်လိုက်သလဲ"
သူ့ဆံပင်တွေကိုသဘက်နဲ့ခပ်ဖွဖွသုတ်ပေးရင်းပြောလာသောကိုကို။ ကိုကိုက သူ့ကိုအများကြီးချစ်တာမြင်ရတာ အရမ်းပျော်သည်။ ဖြစ်နိုင်ရင် အချိန်တွေကိုခဏရပ်ထားလိုက်ချင်ပါသည်။
"ဟုတ်ကိုကို ...ကျနော်သိပါတယ်"
"သိရင်လည်းပီးရောဂျစ်တူးလေး ...လာခေါက်ဆွဲတွေပွကုန်တော့မယ်"
ညစာစားသောက်ကြပီး တော့ နှစ်ယောက်သားရုပ်ရှင်အတူကြည့်ဖြစ်ကြသည်။
ရုပ်ရှင်သာဖွင့်ထားသော်လည်း ဟီဆွန်းကတော့ အာရုံမရပါ။ ဘေးမှာမလှုပ်မယှက် မျက်နှာတည်ဖြင့် tvထိုင်ကြည့်နေတဲ့ကိုကိုကြောင့်ပင်။
ထိုအချိန် ဇာတ်ကားထဲမှာ မင်းသားနဲ့မင်းသမီးနှစ်ယောက်နမ်းတဲ့အခန်းကြောင့် ဟီဆွန်းမှာ ထိုင်ရမလိုထရမလိုနဲ့ တောင်ကြည့်မြောက်ကြည့်ဖြစ်နေလေသည်။